“ပြင်သစ်နိုင်ငံအတွင်းရှိ စာသင်ကျောင်းများ တွင် အစ္စလမ်ဘာသာဝင်ယဥ်ကျေးမှုဆိုင်ရာ ဝတ်စားမှု များအား တားမြစ်ပိတ်ပင်မှုများပြုလုပ်သွားမည်”

သြဂုတ် ၂၈

ပြင်သစ်နိုင်ငံ၏ ပညာရေးဝန်ကြီးက ပြင်သစ်နိုင်ငံအတွင်း နေထိုင်ကြသော မွတ်စလင်ဘာသာဝင်များအား ကမ္ဘာတစ်ဝှမ်းရှိမွတ်စလင် ဘာသာဝင် အမျိုးသမီးအများအပြားဝတ်ဆင်ထားသော ၀တ်စုံများကို ပြင်သစ် နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများတွင် ၀တ်ဆင်ခြင်းအား တားမြစ်ပိတ်ပင်လိုက်ကြောင်း ပြောကြား လိုက်တာဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံ၏ ပညာရေးဝန်ကြီးက စာသင်ကျောင်းများတွင် အစ္စလမ် ဘာသာဝင်များ၏ ဘာသာရေး ဝတ်စားမှု အား ပိတ်ပင်တားမြစ်ကြောင်း ကြေညာခဲ့တာဖြစ်ပြီး ပြင်သစ် အာဏာပိုင်များသည် မွတ်ဆလင် အမျိုးသမီးအချို့ ၀တ်ဆင်ထားသော abaya ၀တ်စုံများကို ကျောင်းတွင် ၀တ်ဆင်ခြင်းအား တားမြစ်ပိတ်ပင် လိုက်ပြီ ဖြစ် ကြောင်း ပြင်သစ် ပညာရေးဝန်ကြီးက ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် တရားဝင်ထုတ်ပြန် ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျောင်းတွေမှာ abaya ၀တ်ဆင်ဖို့ မဖြစ်နိုင်တော့ပါဘူးလို့ ပညာရေးဝန်ကြီး Gabriel Attal က ပြင်သစ်နိုင်ငံTF1 ရုပ်မြင်သံကြားကို ပြောကြားခဲ့တာဖြစ်ပြီး လာမည့် စက်တင်ဘာ ၄ ရက်မှစတင်ပြီး နိုင်ငံတစ်ဝန်း စာသင်ခန်းများ ပြန်လည်မစတင်မီ ကျောင်းအုပ်များအား နိုင်ငံတော်အဆင့်တွင် ရှင်းလင်းပြတ်သားသော စည်းမျဉ်းများ ပေးအပ်သွားမည်”လို့လည်း ပြောကြား ခဲ့ပါတယ်။

အစ္စလာမ့်ဘာသာ ခေါင်းစည်း ပဝါဝတ်ခြင်းများပြုလုပ်သည့် အမျိုးသမီးများကို ကာလရှည်ကြာ တားမြစ်ပိတ်ပင်ထားမည့် ပြင်သစ် ကျောင်းများတွင် abayas ဝတ်ဆင်ခြင်းနှင့်ပတ်သက်၍ လပေါင်းများစွာ အခြေအတင်ဆွေးနွေးပြီးခဲ့ကြပြီး နောက် ယခုကဲ့သို့ ထွက်ပေါ်လာခြင်းလည်းဖြစ်ပါတယ်။

“ကျောင်းများတွင် abayas များ ၀တ်ဆင်လာခြင်းနှင့် ဆရာများနှင့် မိဘများကြား ပြဿနာကြောင့် ကျောင်းတွင်း တင်းမာမှုများ တိုးလာနိုင်တယ်”လို့ သတင်းများလည်း ပြင်သစ်နိုင်ငံအတွင်း ထွက်ပေါ်လျက်ရှိနေပါတယ်။