“ထိုင်းဝန်ကြီးချုပ်ဟောင်း ပရာယွတ် က ၎င်း၏နိုင်ငံအုပ်ချုပ်ခွင့် ကုန်ဆုံးတော့မည့် နောက်ဆုံး မိနစ်ပိုင်းအချိန် အတွင်း ထိုင်းစစ်တပ်၏ ထိပ်တန်း အရာရှိများကို ရာထူးတိုး ခန့်အပ်ပြောင်းလဲမှုများပြုလုပ်ခဲ့”

သြဂုတ် ၂၈

ထိုင်းနိုင်ငံတွင် တာဝန်ပြီးဆုံးသွားပြီဖြစ်​သော ထိုင်း ၀န်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာသည် ပြီးခဲ့သည့် သြဂုတ်လ ၂၆ရက် စနေနေ့က ၄င်း၏ ယုံကြည်စိတ်ချရ​သော လက်ထောက် ဗိုလ်ချုပ်ကြီးများကို ထိုင်းနိုင်ငံစစ်တပ်၏ ကာကွယ်​ရေးပိုင်း ဆိုင်ရာများ အတွက်ရွေး ချယ်တာဝန်​ပေးခဲ့ပါတယ်။

ထိုင်းနိုင်ငံ၏ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ချောင်ချိုင်းဟင်သာ (သတင်းဓာတ်ပုံ အထက်လက်ယာ)က ထိုင်းနိုင်ငံ၏ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) အသစ်ဖြစ်လာမှာလည်းဖြစ်ပါတယ်။

ယခု ခန့်အပ်လိုက်သည့် ထိုင်းကာကွယ်ရေး ဦးစီးချုပ် အသစ်သည် ထိုင်းနိုင်ငံ ဘုရင့်​တော်ဝင်ကိုယ်ရံ​တော်တပ်၏ အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ခဲ့ပြီး ထိုင်းကာကွယ်ရေး ဦးစီးချုပ်ဟောင်း ပရာယွတ်၏ လက်ထက် တွင်လည်း အမှုထမ်းခဲ့ဖူးသူ တစ်ဦးလည်း ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း ပရာယွတ် သည် ၎င်း၏ နိုင်ငံအုပ်ချုပ်ခွင့် ကုန်ဆုံးတော့မည့် နောက်ဆုံးမိနစ်တွင်ပင် ထိုင်း စစ်တပ်၏ ထိပ်တန်းအရာရှိများကို ခန့်အပ်နိုင်ခဲ့ သည်ကိုကြည့်ခြင်းအားဖြင့် ယခု တက်လာသော ထိုင်းနိုင်ငံ အာဏာရပါတီ ဖြူထိုင်းပါတီနှင့် အ​ပေးအယူလုပ်နိုင်ခဲ့ကြောင်း ထင်ရှားနေတာ လည်းဖြစ်ပါတယ်။

စစ်​သေနာပတိ သို့မဟုတ် စစ်ဦးစီး ချုပ်အသစ်မှာ ဗိုလ်ချုပ်ကြီး Songwit Noonpakdee (သတင်းဓာတ်ပုံ၏ ဘယ်ဘက်ထိပ်) ဖြစ်ပြီး ယခုအချိန်အထိ ဘုရင့်ကိုယ်ရံတော်တစ်ဦးအဖြစ် တာဝန်ယူ ထားသူလည်းဖြစ်ပါတယ်။

ထို့နောက် ထိုင်း လေတပ်ဦးစီးချုပ် အဖြစ် Air Commander Panpakdee Pattanakul (သတင်းဓာတ်ပုံ အောက်ခြေညာဖက်) နှင့် Admiral Adung Pan-iam အား ထိုင်းနိုင်ငံ ရေတပ်ဦး စီးချုပ်အသစ် အဖြစ်ရာထူး ပေးအပ်ခဲ့တာ လည်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံ တပ်မ​တော်၏ဖွဲ့စည်းပုံများအရ စစ်​တပ်၏ စစ်သေနာပတိချုပ်က ထိပ်ဆုံးရာထူး နေရာတွင်ရှိ​သော်လည်း စစ်သေနာပတိချုပ်သည် နိုင်ငံတကာ ဆက်ဆံ​ရေးကိုသာ အဓိကထားလုပ်ကိုင်ရတာဖြစ်ပြီး ထိုင်းတပ်မ​တော်ကိစ္စရပ်များအားလုံးကို​ ကာကွယ်​ရေးဦးစီးချုပ် (ကြည်း)က အဓိက ထိန်းချုပ်လုပ်ကိုင်ရသဖြင့် ထိုင်းတပ်မတော် ဖွဲ့စည်းပုံအရ စစ်တပ်တွင်ဒုတိယ​နေရာဖြစ်​သော်လည်း အဆိုပါ ရာထူးသည် ထိုင်းတပ်မတော်အတွက် ပိုပြီး အဓိပတိကျသော ရာထူး တာဝန်ဖြစ်ပါတယ်။

ထိုင်း သတင်းဌာနများ၏ ထုတ်ပြန်ကြေညာ ချက်များအရ ထိုင်း ဘုရင်ကြီးသည် ယခုရက်ပိုင်းအတွင်း ၄င်းတို့အား ရာထူးတိုး ခန့်အပ်ပေးသွားမည်လို့ မျှော်လင့်ရကြောင်း ရေးသားဖော်ပြထားကြပါတယ်။