သြဂုတ် ၂၈
ထိုင်းနိုင်ငံတွင် တာဝန်ပြီးဆုံးသွားပြီဖြစ်သော ထိုင်း ၀န်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာသည် ပြီးခဲ့သည့် သြဂုတ်လ ၂၆ရက် စနေနေ့က ၄င်း၏ ယုံကြည်စိတ်ချရသော လက်ထောက် ဗိုလ်ချုပ်ကြီးများကို ထိုင်းနိုင်ငံစစ်တပ်၏ ကာကွယ်ရေးပိုင်း ဆိုင်ရာများ အတွက်ရွေး ချယ်တာဝန်ပေးခဲ့ပါတယ်။
ထိုင်းနိုင်ငံ၏ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ချောင်ချိုင်းဟင်သာ (သတင်းဓာတ်ပုံ အထက်လက်ယာ)က ထိုင်းနိုင်ငံ၏ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) အသစ်ဖြစ်လာမှာလည်းဖြစ်ပါတယ်။
ယခု ခန့်အပ်လိုက်သည့် ထိုင်းကာကွယ်ရေး ဦးစီးချုပ် အသစ်သည် ထိုင်းနိုင်ငံ ဘုရင့်တော်ဝင်ကိုယ်ရံတော်တပ်၏ အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ခဲ့ပြီး ထိုင်းကာကွယ်ရေး ဦးစီးချုပ်ဟောင်း ပရာယွတ်၏ လက်ထက် တွင်လည်း အမှုထမ်းခဲ့ဖူးသူ တစ်ဦးလည်း ဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်း ပရာယွတ် သည် ၎င်း၏ နိုင်ငံအုပ်ချုပ်ခွင့် ကုန်ဆုံးတော့မည့် နောက်ဆုံးမိနစ်တွင်ပင် ထိုင်း စစ်တပ်၏ ထိပ်တန်းအရာရှိများကို ခန့်အပ်နိုင်ခဲ့ သည်ကိုကြည့်ခြင်းအားဖြင့် ယခု တက်လာသော ထိုင်းနိုင်ငံ အာဏာရပါတီ ဖြူထိုင်းပါတီနှင့် အပေးအယူလုပ်နိုင်ခဲ့ကြောင်း ထင်ရှားနေတာ လည်းဖြစ်ပါတယ်။
စစ်သေနာပတိ သို့မဟုတ် စစ်ဦးစီး ချုပ်အသစ်မှာ ဗိုလ်ချုပ်ကြီး Songwit Noonpakdee (သတင်းဓာတ်ပုံ၏ ဘယ်ဘက်ထိပ်) ဖြစ်ပြီး ယခုအချိန်အထိ ဘုရင့်ကိုယ်ရံတော်တစ်ဦးအဖြစ် တာဝန်ယူ ထားသူလည်းဖြစ်ပါတယ်။
ထို့နောက် ထိုင်း လေတပ်ဦးစီးချုပ် အဖြစ် Air Commander Panpakdee Pattanakul (သတင်းဓာတ်ပုံ အောက်ခြေညာဖက်) နှင့် Admiral Adung Pan-iam အား ထိုင်းနိုင်ငံ ရေတပ်ဦး စီးချုပ်အသစ် အဖြစ်ရာထူး ပေးအပ်ခဲ့တာ လည်းဖြစ်ပါတယ်။
ထိုင်းနိုင်ငံ တပ်မတော်၏ဖွဲ့စည်းပုံများအရ စစ်တပ်၏ စစ်သေနာပတိချုပ်က ထိပ်ဆုံးရာထူး နေရာတွင်ရှိသော်လည်း စစ်သေနာပတိချုပ်သည် နိုင်ငံတကာ ဆက်ဆံရေးကိုသာ အဓိကထားလုပ်ကိုင်ရတာဖြစ်ပြီး ထိုင်းတပ်မတော်ကိစ္စရပ်များအားလုံးကို ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က အဓိက ထိန်းချုပ်လုပ်ကိုင်ရသဖြင့် ထိုင်းတပ်မတော် ဖွဲ့စည်းပုံအရ စစ်တပ်တွင်ဒုတိယနေရာဖြစ်သော်လည်း အဆိုပါ ရာထူးသည် ထိုင်းတပ်မတော်အတွက် ပိုပြီး အဓိပတိကျသော ရာထူး တာဝန်ဖြစ်ပါတယ်။
ထိုင်း သတင်းဌာနများ၏ ထုတ်ပြန်ကြေညာ ချက်များအရ ထိုင်း ဘုရင်ကြီးသည် ယခုရက်ပိုင်းအတွင်း ၄င်းတို့အား ရာထူးတိုး ခန့်အပ်ပေးသွားမည်လို့ မျှော်လင့်ရကြောင်း ရေးသားဖော်ပြထားကြပါတယ်။