ဆော်ဒီအာရေဗျနိုင်ငံအသင်းနည်းပြသစ်အဖြစ် ရောဘတ်တို မန်စီနီ လက်မှတ်ထိုး

Photo: Fabrizio Romano

ဩဂုတ် ၂၈
ရောဘတ်တို မန်စီနီဟာ လက်ရှိမှာ ဆော်ဒီအာရေဗျနိုင်ငံအသင်းရဲ့ နည်းပြသစ်အဖြစ် တရားဝင် လက်မှတ်ရေးထိုးသွားခဲ့ပြီလို့ သိရပါတယ်။
ဆော်ဒီ ဘောလုံးအဖွဲ့ချုပ်က အီတလီ လက်ရွေးစင် နည်းပြဟောင်းကြီးဝါရင့် နည်းပြကြီး မန်စီနီ​ကို တစ်နှစ်လုပ်ခ ယူရို သန်း(၃၀)ဝန်းကျင်နဲ့ (၄)နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး လက်ရှိမှာတော့ မန်စီနီဟာ ကမ္ဘာပေါ်က ဘောလုံးနည်းပြတွေထဲ ဝင်ငွေ အများဆုံး ရရှိတဲ့ နည်းပြတစ်ဦး ဖြစ်သွားခဲ့ရပါတယ်။