“ဆိုမာလီစစ်တပ်နှင့် မဟာမိတ်တိုက် ခိုက်ရေးသမားများက ဆိုမာလီနိုင်ငံ၏ အလယ်ပိုင်းဒေသရှိ အယ်လ်ရှာဘတ် (အယ်ကေးဒါး)စစ်သွေးကြွများ၏ အမာခံ အယ်လ်ဘူရ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး အမေရိကန် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် အယ်လ်ရှာဘတ်အဖွဲ့ဝင် ၁၃ဦးထိ သေဆုံးခဲ့”

သြဂုတ် ၂၈

အမေရိကန် စစ်တပ်က ဆိုမာလီ အစိုးရ၏ တောင်းဆိုချက်အရ ကိုယ်ပိုင်ကာကွယ်ရေးဆိုင်ရာ လေကြောင်း တိုက်ခိုက်မှုများကြောင့် ဆိုမာလီယာ နိုင်ငံတောင်ပိုင်းရှိ အယ်ရှာဘတ် တိုက်ခိုက်ရေးသမား ၁၃ ဦး သေဆုံးခဲ့တယ်လို့ အမေရိကန်စစ်တပ်ကပြီးခဲ့သည့် တနင်္ဂနွေနေ့က ထုန်ပြန် ပြောကြားခဲ့တာဖြစ်ပါတယ်။

ဆိုမာလီအစိုးရနှင့် မဟာမိတ်တပ်ဖွဲ့များသည် အယ်ကေးဒါးစစ်သွေးကြွများ နှင့် ဆက်နွှယ်နေသည့် အယ်လ်ရှာဘတ်အဖွဲ့ကို နိုင်ငံ၏ အလယ်ပိုင်းဒေသများတွင် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေကြတာဖြစ်တယ်လို့လည်း သတင်းဌာနများ ကဖော်ပြ ပြောဆိုထားကြပါတယ်။

ဆိုမာလီ အစိုးရ၏တောင်းဆိုချက်အရ Kismayo မြို့၏အနောက်မြောက်ဘက်၄၅ ကီလိုမီတာ (၂၈မိုင်) အကွာရှိ အနီးရှိ Al Shabaabအဖွဲ့ဝင်များ အား ပြီးခဲ့သည့် သြဂုတ်လ ၂၆ရက် စနေနေ့က လေကြောင်း တိုက်ခိုက်မှုများ စတင် ပြုလုပ်ခဲ့ကြောင်း US Africa Command (AFRICOM) မှ ပြောကြားခဲ့ပါတယ်။

“လေကြောင်းတိုက်ခိုက်မှုများကို သြဂုတ် ၂၆ ရက် နံနက်အစောပိုင်းတွင် ပြုလုပ်ခဲ့ ကြတာဖြစ်ပါတယ်။ ဆိုမာလီ နိုင်ငံ၏ အမျိုးသားတပ်မတော်တပ်ဖွဲ့များအား ပံ့ပိုးကူညီခြင်းဖြစ်ကြောင်း” အမေရိကန် အာဖရိကဆိုင်ရာ ကွပ်ကဲရေးဌာန AFRICOM ၏ထုတ်ပြန်ချက် တွင်ဖော် ပြထားပါတယ်။

“ဆိုမာလီအမျိုးသားတပ်မတော်နဲ့ လက်တွဲလုပ်ဆောင်နေတဲ့ US Africa Command ရဲ့ ကနဦး ဆုံးဖြတ်ချက် ကတော့ al Shabaab အဖွဲ့ဝင် တိုက်ခိုက်ရေးသမား ၁၃ ဦးကို လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီး အရပ်သားတွေ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူး”လို့ အမေရိကန် AFRICOMဌာန ဆိုပါပြီး ဆိုမာလီယာစစ်တပ်နှင့် မဟာမိတ်တိုက်ခိုက်ရေးသမားများသည် နိုင်ငံ၏အလယ်ပိုင်းဒေသရှိ အယ်လ်ရှာဘတ်တို့၏ အဓိက အမာခံမြို့ဖြစ်သော အယ်လ်ဘူရ်မြို့ကို ပြီးခဲ့သည့် သောကြာနေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး ယင်းလှုပ်ရှားမှု၏ သိသာထင်ရှားသော အောင်မြင်မှုတစ်ခုလည်း ဖြစ်တယ်လို့လည်း သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။