ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မြို့နယ်စည်ပင်သာယာရေးရုံး၊ မြို့နယ်စာရင်းစစ်ရုံးနှင့် မြို့နယ်စိုက်ဘဏ်ရုံး ဝင်းအတွင်းသို့ လူသတ်အကြမ်းဖက် KNLA / PDF ပူးပေါင်းအဖွဲ့ မှ  Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်

ဩဂုတ် ၂၈

ကရင်ပြည်နယ်၊  ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြို့နယ်စည်ပင်သာယာရေးရုံး၊ စိုက်ပျိုးရေးလမ်းရှိ မြို့နယ်စာရင်းစစ်ရုံးနှင့် မြို့နယ်စိုက်ဘဏ်ရုံးဝင်းအတွင်း သို့ ယမန်နေ့ ည ၁၀ နာရီ ၅၇ မိနစ် အချိန်ခန့်နှင့် ၁၁ နာရီ ၄၂ မိနစ်အချိန်ခန့်တို့တွင် လူသတ်အကြမ်းဖက် KNLA / PDF ပူးပေါင်းအဖွဲ့မှ  Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရှိရပါသည်။

                လူသတ်အကြမ်းဖက် KNLA / PDF ပူးပေါင်းအဖွဲ့ အင်အား ၂၀ ဦးခန့်သည် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ချောင်းဝကျေးရွာဘက်မှနေ၍ Drop ဖြင့် ပထမအကြိမ် Drop Bomb ၂ လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ပထမ ၁ လုံးမှာ မြို့နယ်စည်ပင်သာယာရေးရုံးဝင်းအတွင်း မြေပြင်အပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ဒုတိယ ၁ လုံးမှာ  မြို့နယ်စာရင်းစစ်ရုံးဝင်းအတွင်း မြေပြင်အပေါ်သို့ကျရောက်ပေါက်ကွဲခဲ့ကြောင်းနှင့် ဒုတိယအကြိမ် Drop Bomb ၂ လုံး ထပ်မံပစ်ချတိုက်ခိုက်ခဲ့ရာတွင် ပထမ ၁ လုံး မှာ မြို့နယ်စည်ပင်သာယာရေးရုံး အပေါ်သို့ထပ်မံ ကျရောက်ပေါက်ကွဲခဲ့ပြီး  သွပ်မိုးနှင့် မျက်နှာကြက်များပေါက်ပြဲပျက်စီး၍ လူထိခိုက်မှုမရှိကြောင်း၊ ဒုတိယ ၁ လုံးမှာ မြို့နယ်စိုက်ဘဏ်ရုံးဝင်းအတွင်းကျရောက် ပေါက်ကွဲခဲ့ပြီး ရုံးပြူတင်းမှန်အချို့ ကွဲကြေပျက်စီးခဲ့ကြောင်း သိရသည်။

KNU နှင့် PDF အကြမ်းဖက်အဖွဲ့များအနေဖြင့် အပြစ်မဲ့အရပ်သားပြည်သူများ၊ ခရီးသွားမော်တော်ယာဉ်များ စစ်ဘက်မဟုတ်သည့် အရပ်ဘက်ဆိုင်ရာအဆောက်အဆောက်အဦးများအား ပစ်ခတ်တိုက်ခိုက်‌နေပြီး အဆိုပါ အကြမ်းဖက်အဖွဲ့များအား တပ်မတော်စစ်ကြောင်းများကလိုက်လံချေမှုန်း လျက်ရှိကြောင်းသတင်းရရှိပါသည်။

#PAN