ဝက်လက်မြို့နယ်အတွင်း အကြမ်းဖက် PDF များ၏ အကြမ်းဖက်လုပ်ရပ်များကို လက်မခံတော့သည့် ပြည်သူများက နီးစပ်ရာလုံခြုံရေးအဖွဲ့များထံ လျှို့ဝှက်သတင်းပေးပို့၊ အကြမ်းဖက် PDF ၄ ဦး လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိ

သြဂုတ် ၂၇

       ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်အတွင်းရှိ ကျီးကန်ကျေးရွာအနီးတွင် အကြမ်း ဖက် PDF များခိုအောင်းနေကြောင်း တာဝန်သိပြည်သူ တစ်ဦးက လျှို့ဝှက် သတင်းပေးပို့လာမှုကြောင့် နယ်မြေခံ လုံခြုံရေးပူးပေါင်းအဖွဲ့များ သည် ကျီးကန်ကျေးရွာအနီး နယ်မြေရှင်းလင်းရာ အဆိုပါအကြမ်းဖက် PDF များနှင့်  ထိတွေ့တိုက် ပွဲဖြစ် ပွားခဲ့သည်။

      ထိုသို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာမှ အကြမ်း ဖက် PDF ၄ ဦးကို လက်လုပ်သေနတ် ၂ လက်၊ AK ကျည် ၁၀ တောင့်တို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့သည်။

       အလားတူ ဝက်လက်မြို့နယ်၊ထန်းကြီးကျေး ရွာအနီးတွင် အကြမ်းဖက် PDF များ ခိုအောင်းနေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပိုမှုအရ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်တွင် နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့များက လက်ဦးမှုယူ သွားရောက်ရှင်း လင်းရာ အကြမ်းဖက် PDF ၂ ဦးတို့ကို လက်လုပ်တစ်တောင့်ထိုးသေနတ် ၁ လက်၊ တစ်တောင့်ထိုးကျည် ၇ တောင့်၊ ၅.၅၆ မမကျည် ၇ တောင့် တို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

       ဝက်လက်မြို့နယ်အတွင်း အကြမ်းဖက် PDF များ၏ လူသတ်၊ ဗုံးခွဲ ၊ပြန်ပေးဆွဲ စသည့် အကြမ်း ဖက်လုပ်ရပ်များကို ပြည်သူများက လက်မခံတော့သဖြင့် အကြမ်းဖက် PDF များ၏ ခိုအောင်းသည့်နေရာများ၊ လှုပ်ရှားမှုသတင်းများကို နီးစပ်ရာ လုံခြုံရေးအဖွဲ့များထံ လျှို့ဝှက်ပေးပို့လာကြကြောင်း သိရပါသည်။

#PAN