ပဲခူးတိုင်းဒေသကြီး(အနောက်)၊ အုတ်ဖိုမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦးကို လူသတ်အကြမ်းဖက် PDF အဖွဲ့မှ အိမ်အတွင်းဝင်ရောက်သတ်ဖြတ်

ဩဂုတ် ၂၆

ပဲခူးတိုင်းဒေသကြီး(အနောက်)၊ အုတ်ဖိုမြို့နယ်၊ ဒေါင်းစပါးအုပ်စု၊ ကွေ့ချောင်းရွာနေ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးအား လူသတ်အကြမ်းဖက် PDF အဖွဲ့မှ ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် သတ်ဖြတ်သွားကြောင်း သိရှိရပါသည်။

ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးဖြစ်သည့် သေဆုံးသူ ဦးမျိုးဇော်အောင် (ဘ)ဦးရင်မောင် ၃၅ နှစ်ခန့်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် လူသတ်အကြမ်းဖက် PDF အဖွဲ့ဝင် ၂ ဦး ရောက်ရှိလာပြီး အိမ်အတွင်းသို့ ဝင်ရောက်၍ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရပါသည်။

လူသတ်အကြမ်းဖက် PDF အဖွဲ့သည် ”ငါနဲ့မတူ ငါ့ရန်သူ”ဟုသဘောထားကာ ယခုလို လက်နက်မဲ့ အရပ်သားသာမန်ပြည်သူများကို ပစ်မှတ်ထား ပစ်ခတ်သတ်ဖြတ်နေခြင်းသည် နိုင်ငံတကာစစ်ဥပဒေ (ခေါ်) ဂျီနီဗာကွန်ဗင်းရှင်းပါ ပြဌာန်းချက်များကို ဖောက်ဖျက်နေခြင်းဖြစ်ပါသည်။ ထိုသို့ လက်နက်အားကိုးဖြင့် လက်နက်မဲ့ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်နေခြင်းများကြောင့် ပြည်သူများက ၎င်းတို့ကို ကြောက်လန့်ရွံရှာပြီး ထောက်ခံခြင်းမရှိကြောင်း သိရပါသည်။

#PAN