ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက်သောင်း ကျန်းသူ PDF များက အကြမ်းဖက်လုပ်ရပ်များပြုလုပ် လက်နက်မဲ့ အရပ်သားပြည်သူများ သေဆုံး ဒဏ်ရာရ

သြဂုတ် ၂၆

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊မြောက်ဝက်တိုးရွာ၊ ရွာမြောက်ဖက်တွင်ရှိသော လုံခြုံရေးကင်းကို အကြမ်းဖက်သောင်းကျန်းသူ PDF များက ယမန်နေ့ နံနက် ၂ နာရီအချိန်ခန့်တွင် လက်ပစ်ဗုံးဖြင့်လာရောက် ပစ်ပေါက်ပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။

       ထိုသို့ ပစ်ခတ်မှုကြောင့် လုံ​ခြုံရေးကင်းအနီးရှိအိမ်မှ ဦးဖိုးခါ၊ ၅၁ နှစ်၊ ဦးချစ်ညို၊ ၄၇ နှစ်၊ ကိုကျော်လင်း၊ ၄၅ နှစ်နှင့် ၎င်း၏သားဖြစ်သူ ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် တို့ဒဏ်ရာရရှိခဲ့ကြောင်း၊ ​ကန့်ဘလူမြို့ ကုတစ်ရာဆေးရုံသို့
ပို့ဆောင် ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရသည်။

       အလားတူ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်၊ ငါးမြောင်ကျေးရွာသို့ အကြမ်းဖက်သောင်း ကျန်းသူ PDF အဖွဲ့များ ယမန်နေ့ ည က ဝင်ရောက်လာပြီး ဦးသန်းဝင်း၊ ၆၅ နှစ်၊ (ဘ)ဦးတင်မောင်၊ မခင်စန်းဝင်း၊ ၅၅ နှစ်၊ (ဘ) ဦးတင်မောင်၊ ဦးကျော်အေး၊ ၆၅ နှစ်၊ (ဘ)ဦးစိန်၊ ဒေါ်သန်းငွေ၊ ၅၅ နှစ်၊ (ဘ)ဦးစိန်၊ မကြိုင်၊ ၄၆ နှစ်၊ (ဘ)ဦးပြေအေး တို့ ငါးဦးကို ၎င်းတို့နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ပြီး နေအိမ်မှ ပစ္စည်းများယူဆောင်သွားကြကြောင်းသတင်းရရှိပါသည်။


       အဆိုပါ သတ်ဖြတ်ခံရသူများမှာ ပြည်ခိုင်ဖြိုးပါတီ ဝန်းရံ ထောက်ခံသူများဖြစ်ကြကြောင်း၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် ”ငါနဲ့မတူ ငါ့ရန်သူ”ဟူသော အကြမ်းဖက်ဝါဒဖြင့် ၎င်းတို့နှင့် သဘောထားမတူ သော လက်နက်မဲ့ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ဝန်းရံသူ များနှင့် ၎င်းတို့၏ မိသားစုဝင်များကို လက်နက်အားကိုးဖြင့် ပစ်မှတ်ထားသတ်ဖြတ်နေခြင်းဖြစ် ကြောင်း သိရာပါသည်။

#PAN