ဘီးလင်းမြို့နယ်​၊ဒေါက်​ရပ်​ကျေးရွာ အ​ခြေခံပညာအထက်​တန်း​ကျောင်းကို အကြမ်းဖက်သောင်း ကျန်းသူ KNU တပ်​မဟာ(၁)နှင့်​ PDF ပူး​ပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်

ဩဂုတ် ၂၅

     ​မွန်​ပြည်​နယ်​၊ ကျိုက်​ထိုခရိုင်​၊ ဘီးလင်းမြို့နယ်​၊​ဒေါက်​ရပ်​ကျေးရွာအုပ်​စုရှိ ရန်​ကုန်​ -​ မော်​လမြိုင်​အ​ဝေး​ပြေးလမ်းမ​ဘေး၏ အ​ရှေ့ဘက်​ခြမ်းတွင်​ရှိ​သော​ ဒေါက်​ရပ်​ကျေးရွာ အ​ခြေခံပညာအထက်​တန်း​ကျောင်းကို အကြမ်းဖက်သောင်းကျန်းသူ KNU တပ်​မဟာ (၁)နှင့်​ PDF ပူး​ပေါင်းအဖွဲ့သည်​ယနေ့ နံနက်​ ၈ နာရီ ၅၅ မိနစ်အချိန်​က လက်​နက်​ကြီးဖြင့်​ ပစ်​ခတ်ခဲ့​ကြောင်းသိရသည်။

      ထိုသို့ လက်​နက်​ကြီးပစ်ခတ်မှုကြောင့် စာသင်​ကျောင်း​ဆောင်​များအပေါ် ဗုံးသီးကျရောက်ပြီး ကျောင်းဆောင်များ၏ အမိုးအကာများ ပျက်စီးရှုံးဆုံးခဲ့​ကြောင်း၊ လူ ထိခိုက်​ဒဏ်​ရာရ သေဆုံးမှုမရှိ​ကြောင်း သတင်းရရှိသည်​။

     ပြည်ပြေးအကြမ်းဖက်ဂိုဏ်းချုပ် NUG ရဲ့ လမ်းညွှန်မှုတွေကို အကောင်အထည်ဖော်ပေးနေသည့် ပြည်တွင်းအကြမ်းဖက် PDF များက လုပ် ဆောင်နေသည့် အကြမ်းဖက်လုပ်ရပ်များထဲမှ အယုတ်မာဆုံးလုပ်ရပ်မှာ တိုင်းပြည်၏ အနာဂါတ်ကလေးငယ်များ၏ ဘဝရပ်တည်ရေးအတွက် ပညာသင်ကြားရေးကို ဖျက်ဆီးနေသည့်လုပ်ရပ်ဖြစ်ပြီး ယခုလို စာသင်​ကျောင်း​ဆောင်​များကို ပစ်မှတ်ထား ပစ်ခတ်တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်း (ခေါ်) နိုင်ငံတကာစစ်ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်။

#PAN