စစ်ကိုင်းမြို့နယ် စစ်ကိုင်း-မုံရွာသွား ကားလမ်းပေါ်ရှိ အကြမ်းဖက် PDF များ ထောင်ထားသော မိုင်းများအား ဖော်ထုတ်ရှင်းလင်း

ဩဂုတ် ၂၅

        ယနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း – မုံရွာ သွားကားလမ်းတစ်လျှောက် နုံးတွင်းကျေးရွာနှင့် နတ်ခရိုင်ကျေးရွာကြားတွင် အကြမ်းဖက်သောင်း ကျန်းသူ PDF များက မိုင်းများ ထောင်ထားကြောင်း တာဝန်သိပြည်သူများ လျှို့ဝှက်သတင်း ပေးပို့လာသဖြင့် နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့က သွားရောက် ရှင်းလင်းခဲ့ကြောင်း သိရသည်။

       ၎င်း နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့က မိုင်းများကို ရှင်းလင်းခဲ့ရာမှ လက်လုပ်ရှေ့ထွက်မိုင်း ၈ လုံး၊ ၁၂ ဗို့ဘက္ထရီအိုး ၂ လုံး၊ အရှည် ၃၀ ပေခန့်ရှိ ဝါယာကြိုး ၂ ခွေ တို့ကို ဖော်ထုတ်သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

      အလားတူ ကန့်ဘလူမြို့နယ်၊ ချပ်ကြီးရွာနေဦးစံသိန်း၊ ၅၁ နှစ်၊ (ဘ)ဦးဘစိန်သည် ယနေ့ နံနက် ၁၁ နာရီအချိန်က နွားကျောင်းသွားစဉ်ရွာနှင့် မလှမ်းမကမ်းနေရာအရောက်တွင် အကြမ်း ဖက် PDF များထောင်ထားသော မိုင်းနင်းမိပြီး သေဆုံးသွားခဲ့သည်။

       အဆိုပါ အကြမ်းဖက်သောင်းကျန်းသူ PDF များက မိုင်းထောင်းသည့်နေရာသည် အများပြည်သူများ သွားလာနေသည့် လမ်းဖြစ်ပြီး အရပ်သားပြည်သူများ ထိခိုက်သေဆုံးဒဏ်ရာရ ဖြစ်စေပြီး အကြောက်တရားများဖြစ်ပေါ်လာစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

#PAN