“အာဂျင်တီးနား၊အီရန်၊ ဆော်ဒီအာရေးဗီးယား၊အီဂျစ် နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု နိုင်ငံတို့သည် BRICS အဖွဲ့အစည်းကြီး အဖွဲ့ဝင်သစ်နိုင်ငံများဖြစ်လာဖွယ်ရှိနေ”

သြဂုတ် ၂၄

BRICSအဖွဲ့အစည်းကြီး၏ အဖွဲ့ဝင် အသစ်များအဖြစ် အာဂျင်တီးနားနိုင်ငံ၊ အီရန်နိုင်ငံ၊ ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ အီဂျစ်နိုင်ငံ နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံတို့ပါဝင်လာကြပြီဖြစ်တယ်လို့ BRICS ထိပ်သီးအစည်းအဝေး၏ နောက်ဆုံးစာတမ်းမူကြမ်းကို ကိုးကားပြီး သတင်းဌာနများက ရေးသား ဖော်ပြထားကြပါတယ်။

အာဂျင်တီးနားနိုင်ငံသည် BRICS အဖွဲ့အစည်းကြီး တွင်ပါဝင်သည့် နိုင်ငံများအဖွဲ့များနှင့်ပူးပေါင်းပြီး ဘဏ္ဍာငွေနှင့်ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုအပေါ် ပြတ်ပြတ်သားသားသြဇာလွှမ်းမိုးမှုရှိလာစေရန် နိုင်ငံအား အားကောင်းလာစေရန်လုပ်ဆောင်နေသောအဖွဲ့တွင် နိုင်ငံတစ်နိုင်ငံ အဖြစ် ပါဝင်လာ တော့မှာလည်းဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံ၊ ရုရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ နှင့် တောင်အာဖရိကနိုင်ငံတို့ ပါဝင်သည့် အုပ်စု၏ နောက်ဆုံး ဆုံးဖြတ်ချက်များကိုပြီးခဲ့သည့် သြဂုတ်လ ၂၃ရက် ဗုဒ္ဓဟူးနေ့နှောင်းပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး အာဂျင်တီးနားနိုင်ငံသည် အစုအဖွဲ့ထဲသို့ ဝင်ရောက်နိုင်ခြေကို နိုင်ငံအစိုးရနှင့် ဘရာဇီးအာဏာပိုင်များကြား လပေါင်းများစွာ ဆွေးနွေးခဲ့ပြီးနောက် ဝင်ခွင့်ရရှိခဲ့သည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံ သမ္မတ Luiz Inacio Lula Da Silvaက အာဂျင်တီးနားနိုင်ငံအား BRICS အစုအဖွဲ့ သို့ဝင် ရောက်ရန် နှင့်ရာထူးကိုစုစည်းရာတွင်အဆုံးအဖြတ်ပေးခဲ့တာလည်းဖြစ်ပါတယ်။

BRICS အဖွဲ့အစည်းကြီးတွင် အာဂျင်တီးနားနိုင်ငံပါဝင်ရေး ဆုံးဖြတ်ချက်ချပြီးနောက်အာဂျင်တီးနား သမ္မတ Alberto Fernández သည် ယနေ့ နံနက်ခင်းတွင် အဆိုပါသဝဏ်လွှာကို Olivos နေအိမ်တွင်မှတ်တမ်းတင်ခဲ့ပြီး အာဂျင်တီးနားနိုင်ငံ၏ အလုပ်သမားရေးရာဝန်ကြီးများ ဖြစ်ကြသည့် Kelly Olmos နှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Victoria Tolosa Paz တို့ ပါဝင် တက်ရောက် ခဲ့ကြကြောင်း သတင်းဌာနများ ကဖော်ပြ ပြောဆိုထားကြပါတယ်။