အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF များက ရွှေသံလွင်တိုးဂိတ်ကို Drop Bomb ပစ်ချ တိုက်ခိုက် ပြည်သူ ၁ ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးတို့ မစိုးရိမ်ရ ဒဏ်ရာရရှိ

ဩဂုတ် ၂၄

     ယနေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က မွန်ပြည် နယ်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင် ကားလမ်း ရွှေသံလွင် Toll Gate ကို အကြမ်းဖက်သောင်း ကျန်းသူ KNU နှင့် PDF များက Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ခဲ့ပါသည်။

      ထိုသို့ Drop Bomb ပစ်ချတိုက်ခိုက်မှုကြောင့် ရန်ကုန် – မော်လမြိုင် ကားလမ်းပေါ်တွင်သွားလာနေသည့် ဘေးတွဲယာဉ်မောင်း သိန်းထူးအောင်၊ ၃၅ နှစ်၊ (ဘ) ဦးလှအောင်၊ ဗမာ/ဗုဒ္ဓ၊ ကျဘမ်း၊ ဆရာစံရပ်ကွက်၊ ဘီးလင်းမြို့နေသူတွင် ဦးခေါင်း နောက်စေ့ ဗုံးစထိမှန်ပေါက်ပြဲဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ) ရရှိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး (မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါသည်။

       အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF များက အဆိုပါ Toll Gate နေရာရှိ လုံခြုံရေးအဖွဲ့ကို Drop Bomb ဖြင့် မကြာခဏ ပစ်ချတိုက်ခိုက်လေ့ရှိရာ ထိုသို့ တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူအများစု ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရပါသည်။

#PAN