နောင်ချိုမြို့တွင် NLDပါတီထောက်ခံအားပေးသူအမာခံတဦး၏ ရွှေဆိုင်ကို အကြမ်းဖက်အဖွဲ့၏ အနုကြမ်းစီးဓားပြတိုက်ခံရမှုဖြစ်ပွား

သြဂုတ် ၂၄

ယနေ့ နံနက် ၇ နာရီအချိန်ခန့်တွင် ရှမ်းပြည် နယ် ၊နောင်ချိုမြို့စျေး၏ မြောက်ဖက်၊ ဈေးရပ် ကွက် မန္တလေး – မူစယ်ပြည်ထောင်စုကားလမ်းမဘေးတွင်ရှိသော  ကိုအောင်ကျော်စိုး+မဖြူဖြူဝင်း တို့၏ ရွှေဆိုင်ကို အကြမ်းဖက်ဓားပြ ၅ ဦး
အနုကြမ်းစီးဓားပြတိုက်သွားကြောင်း သိရှိရပါသည်။

       အဆိုပါ ဓားမြတိုက်ခံရသော ၎င်းရွှေဆိုင်ပိုင် ရှင်လင်းမယားနှစ်ဦး အိမ်အတွင်းမှ နေအိမ်အပြင်ဘက်အထွက်တွင် အကြမ်းဖက်ဓားပြ ၅ ဦးက သေနတ်သုံးချက်ပစ်ဖောက်ကာ ဓားပြတိုက်ယူခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ ဓားပြတိုက်ခံရမှုတွင် ရွှေဆိုင်ပိုင်ရှင်များမှာ အနည်းငယ်ထိခိုက်ခဲ့ပြီး ရွှေထည်ပစ္စည်းများ အားလုံးပါသွားကြောင်း သိရှိရပါသည်။

       အဆိုပါဆိုင်ရှင်များသည် NLDပါတီထောက် ခံသူ အမာခံများဖြစ်ကြောင်းသိရသလို တပ်မ တော်အရာရှိတစ်ဦး၏ ယောက္ခမတော်စပ်သူလည်းဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရပါသည်။

        လက်ရှိမြေပြင်တွင် လှုပ်ရှားသောအကြမ်း ဖက်များသည် မည့်သည့်ပါတီကို အားပေးထောက်ခံသူဖြစ်ဖြစ် ငွေကြေးချမ်းသာသူများ၏ ရွှေဆိုင်များ၊နေအိမ်များကို မကြာခဏ ပြန်ပေးဆွဲခြင်း၊ဓားပြတိုက်ခြင်းများ၊အခကြေးငွေရယူ ၍လူသတ်ခြင်းများ စသည့်ပုံစံမျိုးစုံဖြင့် လုပ် ဆောင်လာနေကြကြောင်းမြေပြင်သတင်းများအရ ကြားသိနေရသလို နိုင်ငံတော်အနေဖြင့် တည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေးတို့ကို အကောင်ထည်ဖော်ဆောင်ရွက်ပေးရန် ပြည်သူများက လိုလားနေကြကြောင်း ကြားသိရပါသည်။