တာချီလိတ်- ရန်ကုန်ခရီးသို့ ထွက်ခွာတဲ့ ခရီးသည်တင် Air-KBZ လေယာဥ်ပေါ်၌ ကလေးမီးဖွား

သြဂုတ် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်)၊ တာချီလိတ်မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာခဲ့သည့် ခရီးသည်တင် Air-KBZ လေယာဥ်ပေါ်တွင် ယနေ့ ညနေပိုင်းက လေယာဉ်အတူစီး ခရီးသည်များ၏ အကူအညီဖြင့် ကလေးမွေးဖွားနိုင်ခဲ့ကြောင်း သိရသည်။

     အဆိုပါ ‌Air-KBZ လေယာဥ်ပေါ်တွင် လိုက်ပါစီးနှင်းလာသူ ကိုယ်၀န်ဆောင် အမျိုးသမီးမှာ လမ်းခုလတ်၌ ( မိုင်းဆက်မြို့ အရောက်)  ရေမြွှာပေါက်သွားခဲ့ပြီး  လေယာဉ်ကိုအရေးပေါ် ပြန်လှည့်လာခဲ့ရကြောင်း၊ သို့သော် လေယာဥ်ပြန်လှည့်ခဲ့သည့်တိုင် အချိန်မမှီခဲ့သည့်အတွက် လေယာဥ်ပေါ်တွင်အတူ လိုက်ပါစီးနှင်းလာသော ခရီးသည်များ၏ အကူအညီဖြင့်အာင်မြင်းစွာ မွေးဖွားနိူင်ခဲ့ကြောင်း လေယာဉ်ပေါ်အတူလိုက်ပါလာပြီး မွေးဖွားရာ၌ ကူညီပေးခဲ့သူခရီးသည်တစ်ဦးထံမှ သိရှိရပါသည်။

        ခရီးသည်များမှ ၀ိုင်း၀န်းကူညီပေးမှုကြောင့် ကျန်းမာသော သမီးငယ်ကလေးတစ်ဦးကို မွေးဖွားပေးနိုင်ခဲ့ပြီး မိခင်နှင့်ကလေးငယ်ပါ ကျန်းမာစွာဖြင့်တာချီလိတ်လေဆိပ်သို့ပြန်လည်ကာ  ရာက်ရှိလာခဲ့ကြာင်း၊ လေယာဉ်ဆိုက်ရောက်ပြီး တာ၀န်ရှိသူများက ချက်ချင်းပင် မွေးလူနာမိခင်နှင့်ကလေးငယ်အား  ဆေးခန်းဆီ ပို့ဆောင်ပေးခဲ့ကြောင်း   သွားရောက်ကူညီပေးခဲ့သည့် လူမှုကူညီရေးအသင်း ထံမှသိရှိရပါသည်။

#PAN