အမရပူရမြို့နယ်၊အိုးဘိုကျေးရွာရှိ နေအိမ် တစ် လုံး ဖယောင်းတိုင်လဲကျရာမှ ခြင်ထောင်ကို မီးကူးစက်ရာမှ မီးလောင်မှုဖြစ်ပွား အသက် ၇၀ နှစ် အမျိုးသားတစ်ဦးအပါအဝင် ၃ ဦးသေဆုံး

ဩဂုတ် ၂၃

      ယမန်နေ့ ည ၁၁ နာရီ ၅ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊တောင်သမန်ကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာရှိ ဦးလှဝင်း ၏ နေအိမ်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိငြိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့သည်။

        မီးလောင်မှုဖြစ်ပွားရခြင်းမှာ အိမ်ရှင် ဦးလှဝင်း၊ ၇၀နှစ်၊(ဘ)ဦးတင်မောင်၊လေဖြတ်နေသူသည် အိပ်ယာဘေးတွင် ဖယောင်းတိုင်မီးထွန်းထားစဥ် ဖယောင်းတိုင်လဲကျရာမှ ခြင်ထောင်အား မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် နေအိမ် ၂ထပ်တိုက်၊အောက်ထပ်တွင် အိပ်နေသော လေဖြတ်နေသည့် ဦးလှဝင်းနှင့် ၎င်း၏သမီးဖြစ်သူ မဇင်သူဝင်း၊၃၆နှစ်၊နေအိမ်အပေါ်ထပ်တွင် အိပ်နေသော သားဖြစ်သူ ရဲကျော်၊၄၀နှစ်၊ဆိုင်ကယ်ကယ်ရီမောင်း တို့ ၃ ဦးမှာ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရပါသည်။

         အဆိုပါ မီးလောင်မှုကြောင့် နေအိမ် ၂ ထပ်တိုက်နှင့် ပရိဘောဂပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကာ ဆုံးရှုံးမှုတန်ဘိုးမှာ ၇,၂၅၀,၀၀၀ ကျပ်ဖြစ် ကြောင်း သတင်းရရှိပါသည်။

#PAN