ကြံခင်းမြို့နယ်၊ တောင်အုတ်ပုံရွာအနီးရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဘင်္ဂါလီလူမျိုး  ၂၇ ဦး တင်ဆောင်လာသော မော်ယာဉ်အားဖမ်ဆီးရမိ

ဩဂုတ် ၂၃

         ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဇီးပင်ကွင်းအုပ်စု၊ တောင်အုတ်ပုံရွာအနီးရှိ အုတ်ပုံပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ပူးပေါင်းအဖွဲ့များမှယာဉ် ဝင်/ထွက်သွားလာမှုများအား  စစ်ဆေးနေစဉ် 9R 2871 Dongfeng ဖောကား (အဝါရောင်)ကို စစ်ဆေးရာ တရားမဝင် ဘင်္ဂါလီလူမျိုး ၂၇ ဦးကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မော်တော်ယာဥ်မှာ ဥသျစ်ပင်မြို့ဖက်မှ‌ ယာဉ်မောင်း နေလှိုင်ဦး၊ ၂၆ နှစ်၊ (ဘ)ဦးမြလှိုင်၊ အမှတ် (၂ )ရပ်ကွက်၊ အောက်ရွာ၊ အမ်းမြို့ နယ်နေသူ မောင်းနှင်လာပြီး ၎င်းယာဥ်ကို စစ်ဆေးရာ ၎င်းယာဉ်ပေါ်တွင် ဘင်္ဂါလီလူမျိုး ကျား ၂၁ ဦး၊ မ ၆ ၊ စုစုပေါင်း ၂၇ ဦးတို့အား တင်ဆောင်လာသည်ကို တွေ့ရှိရသဖြင့် သက် ဆိုင်ရာ တာဝန် ရှိသူများမှ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN