ရွှေကူမြို့နယ်၊အမှတ်(၁)ရပ်ကွက်၊ ခုံခမ်းရပ်တွင် အမျိုးသား ၃ ဦးနှင့်အတူ ၎င်းတို့၏ ကား၊ရွှေ၊ငွေများကို အကြမ်းဖက်သောင်းကျန်းသူ KIA နှင့် PDF အဖွဲ့က ယူဆောင်သွား

ဩဂုတ် ၂၂

        ယမန်နေ့ မွန်းလွဲပိုင်းအချိန်တွင် ကချင်ပြည် နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊အမှတ်(၁)ရပ် ကွက်၊ ခုံခမ်းရပ်​နေထိုင်သူ အမျိုးသား သုံးဦးကို ၎င်းတို့၏ နေထိုင်ရာအိမ်များတွင် အကြမ်းဖက်သောင်းကျန်းသူ KIA နှင့် PDF အဖွဲ့များက လာရောက်ဖမ်းဆီး‌ပြီး ၎င်းတို့ပိုင်ဆိုင်သောကား၊ဆိုင်ကယ် ရွှေနှင့် ငွေကျပ်သိန်း ၄၀ တို့ကို ယူ ဆောင်သွားကြောင်း သိရပါသည်။

         အဆိုပါရွှေကူမြို့၊ အမှတ်(၁)ရပ်ကွက်၊ ခုံခမ်းရပ်ကို အကြမ်းဖက် KIA နှင့် PDFများက မကြာခဏ ဆိုသလို အုပ်စုဖွဲ့ဝင်‌ရောက်လေ့ရှ်ိပြီး လူသတ်မှုပြုလုပ်ခြင်း၊ ၎င်းတို့ နှင့်အမြင်မတူ သူများကို ဖမ်းဆီး‌ခေါ်ဆောင်သွားခြင်းများ အမြဲပြုလုပ်လေ့ရှ်ိကြောင်း သိရပါသည်။

     ရွှေကူမြို့အထွက် ဗန်းမော် – မန္တလေးကားလမ်းပေါ်ရှိ ပန်းတင်လေးလမ်းဆုံတွင် အကြမ်း ဖက်သောင်းကျန်းသူ KIA နှင့် PDFများက စခန်းကိုအခိုင်အမာတည်ဆောက်ပြီး ကတုတ်ကျင်းများ ဘန်းကာများ၊ ဆက်သွယ်ရေးမြောင်များတူးဖေါ်ထားပြီး အနီးအနားရှိလူနေအိမ်များမှလူများကိုလည် ပြောင်ရွေ့ ခိုင်းထားကြောင်းသိရသည်။

       ၎င်းလမ်းကို ဖြတ်သန်းသွားလာသောသူများ ၏ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များကို စစ် ဆေးခြင်း၊ လူများကို သတိဆွဲခိုင်းခြင်၊ ဖားခုံ/ထိုင်ထပြုလုပ်ခြင်းများ လုပ်ဆောင်ခိုင်းကြောင်းသိရပါသည်။

        အဆိုပါ ဒေသခံပြည်သူများအနေဖြင့် အကြမ်း ဖက်များ၏ ရန်က မကြာခဏခံနေရ၍ နိုင်ငံတော်အနေဖြင့် တရားဥပဒေစိုးမိုးရေး တည် ငြိမ်အေးချမ်းရေးကိုရရှိအောင် ပိုမိုထိရောက်သောလုပ်ဆောင်မှုများ ဆောင်ရွက်ပေးရန် လိုညလားနေကြကြောင်း ဒေသခံပြည်သူများက သတင်းပေးပို့လာပါသည်။

#PAN