မော်လိုက်မြို့တွင် ကုန်းလမ်းနှင့် ရေလမ်း နှစ်ခုလုံးကို အကြမ်းဖက်သောင်းကျန်းသူ KIA နှင့် PDFအဖွဲ့များက အကြမ်းဖက်လုပ်ဆောင်မှုများဖြင့် ပိတ်ဆို့ထားသဖြင့် ကုန်စျေးနှုန်းများကြီးမြင့်လာပြီး ဒေသခံပြည်သူများ အခက်တွေ့

ဩဂုတ် ၂၂

        စစ်ကိုင်းတိုင်းဒေသကြီး ၊မော်လိုက်မြို့သည် ကုန်းလမ်းနှင့် ရေလမ်း နှစ်ခုလုံးကို အကြမ်းဖက်သောင်းကျန်းသူ KIA နှင့် PDFအဖွဲ့များက အကြမ်းဖက်လုပ်ဆောင်မှုများကြောင့် လမ်းပမ်းဆက်သွယ်မှု ပြတ်တောက်ပြီး စားနပ် ရိက္ခာခက်ခဲကာ စားသုံးကုန်များ အဆမတန်ဈေးမြင့်တက်နေကြောင်း သိရပါသည်။

        မုံရွာ – မဟာမြိုင် – ကလေးဝ ကာလမ်းနှင့်ချင်းတွင်းမြစ် ရေလမ်းကြောင်း ပိတ်နေသည်မှာ ၁၄ ရက်ခန့်ကြာရှိပြီဖြစ်ကြောင်း ၊ မော်လိုက်မြို့နယ်ပြည်သူများသည် ကုန်စျေးနှုန်းများကြီးမြင့်လာ၍ နေ့စဉ် စားဝတ်နေရေးအတွက် အခက် အခဲဖြစ်ပေါ်နေကြကြောင်း သိရပါသည်။

        အဆိုပါဒေသသို့ ဆက်သွယ်ထား‌သော ကားလမ်းနှင့် ရေကြောင်းလမ်း​တို့သည် လူသတ်အကြမ်းဖက်သောင်းကျန်းသူ KIA နှင့် PDF အဖွဲ့များက စိုးမိုးထားပြီး   လူသတ်ခြင်း၊ ပြန်ပေးဆွဲခြင်းများ အကြိမ်ကြိမ်ပြုလုပ်နေ၍ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ ကူး သန်းရောင်းဝယ်နေသူများ မရှိတော့သဖြင့် အဆို ပါဒေသအတွင်းရှိ ပြည်သူများ အခက်အခဲ များစွာကြုံတွေ့နေရခြင်းဖြစ်သည်။

       ၎င်းဒေသတွင် ယနေ့လက်ရှိကုန်းဈေးနှုန်းမှာ ဓါတ်ဆီ တစ်လီတာ ၅၀၀၀ ကျပ်၊ ကြက်ဥ တစ်လုံး ၅၀၀ ကျပ်၊ အာလူးတစ်ပိသာ ၅၀၀၀ ကျပ်၊ ကြက်သွန်ဖြူ ၁ ပိသာ ၁၀၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိသာ ၄၅၀၀ ကျပ်၊ ဧရာမင်းဆန် ၂၄ ပြည်အိပ် ၁၁၀၀၀၀ ကျပ်၊ ဖိလစ်ပိုင် ဆန် ၂၄ ပြည်အိပ်  ၈၅၀၀၀ ကျပ်၊ ပဲဆီ တစ်ပိသာ ၁၇၀၀၀ ကျပ်၊ နေကြာဆီတစ်ပိသာ ၁၅၀၀၀ ကျပ်၊ စားအုန်းဆီတစ်ပိသာ ၁၃၀၀၀ ကျပ် စသည့်ဈေးနှုန်းများဖြစ်ပေါ်နေကြောင်းသိရပါသည်။

       အဆိုပါ ဒေသခံများက အကြမ်းဖက်သောင်း ကျန်းသူများကို ရွံရှာမုန်းတီးလာကြပြီး လမ်းပန်းဆက် သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ မြန်ဆန်ချောမွေ့စေရန်နှင့် တည်ငြိမ်အေး ချမ်းမှုရှိစေရေးတို့ကို လိုလားနေကြောင်း သိရပါသည်။

#PAN