ဘီးလင်းမြို့နယ်၊ အလူး​လေးကျေးရွာ အထပ် သားစက်ရုံအနီးတွင် ခရီးသည်တင် Express ယာဥ်တစ်စီး အရှိန်လွန်တိမ်းမှောက်

ဩဂုတ် ၂၂

        မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူး​လေးကျေးရွာ အထပ်သားစက်ရုံအနီးတွင် ခရီးသည်တင် Express ယာဥ်တစ်စီး ယနေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က လမ်းချော်ကာ အရှိန်လွန်တိမ်းမှောက်ခဲ့ပြီး လူတချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။

      အဆိုပါယာဥ်တိမ်းမှောက်မှုဖြစ်စဥ်ကြောင့် အမျိုးသားတစ်ဦး၊ အမျိုးသမီးလေးဦးနဲ့ ကလေးနှစ်ဦးတို့ မစိုးရိမ်ရဒဏ်ရာ အသီးသီး ရရှိခဲ့ကြပြီး လူနာများကို ဘီးလင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ဘီးလင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထား​ကြောင်း သတင်းရရှိပါသည်။

#PAN