ဂျပန်နိုင်ငံ JICA ရန်ပုံငွေဖြင့် တည်ဆောက်လျှက်ရှိသော မီးရထားလမ်းကို အကြမ်းဖက်သောင်း ကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲ ဖျက်ဆီး

သြဂုတ် ၂၂

ယနေ့ နံနက် ၈ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့နှင့် တောကျွဲအင်းအကြား ရန်ကုန်-မန္တလေး မြန်မာမီးရထားလမ်း မိုင်တိုင် ၁၁၇/ ၈နှင့် ၁၁၇/၉အကြားတွင် ယခုပြေးဆွဲရထားလမ်းနှင့်အပြိုင် ဖောက်လုပ်တည်ဆောက်ဆဲ ရထားလမ်းသစ်ကို အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့များက မိုင်းခွဲဖျက်ဆီးခဲ့သဖြင့်  မီးရထားလမ်းသုံး ဇလီဖားတုံး ၆ တုံးပျက်စီးခဲ့ပြီး ဘယ်ညာရထားသံလမ်း ၁၆ ပေခန့် ပျက်စီးခဲ့ကြောင်း သိရသည်။

      အဆိုပါ ရထားလမ်းအသစ်သည် ဂျပန်နိုင်ငံ JICA ရန်ပုံငွေဖြင့် တည်ဆောက်လျှက်ရှိသော မဖွင့်ရသေးသည့် ရထားလမ်းသစ်ဖြစ်ကြောင်း သိရသည်။

       ယမန်နေ့ညပိုင်းကလဲ တောင်ငူ-သာယာကုန်းအား သွယ်တန်းထားသော ပဲနွယ်ကုန်းမြို့အနီးရှိ လျှပ်စစ် တာဝါတိုင်ကြီး နှစ်ခုအား ၎င်း အကြမ်း ဖက်များမှ မိုင်းခွဲဖျက်ဆီးခဲ့သည်။ သက်ဆိုင်ရာတပ်နယ်တာဝန်ရှိသူများမှ နယ်မြေကွင်းဆင်းပြီး တပ်မတော်စစ် ကြောင်းများဖြင့် နယ်မြေရှင်းလင်းရေးဆောင်ရွှက်လျှက်ရှိကြောင်း၊ အတည်မပြုရသေးသော သတင်းအရ အဆိုပါနေရာ ပတ်ဝန်း ကျင်တွင် တပ်မတော်စစ် ကြောင်းနှင့် အကြမ်း ဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့တို့ ယနေ့ မွန်းလွဲပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားလျှက်ရှိကြောင်း သတင်းရရှိပါသည်။

        ပဲခူးတိုင်းဒေသကြီး(အရှေ့)ခြမ်းရှိ မြို့နယ်များတွင် အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့များက အကြမ်းဖက်လုပ်ငန်းများအားနေ့စဥ်လုပ်ဆောင်နေပြီး အများပြည်သူအသုံးပြုသော မီးရထားလမ်းများနှင့်မီးရထားများအား မကြာခနဗုံးခွဲတိုက်ခိုက်ခြင်း၊ အဓိကလမ်းတံတားများအား မိုင်းခွဲခြင်း၊နိုင်ငံရေးရပ်တည်ချက်မတူညီသူများအား ချောင်းမြောင်းလုပ်ကြံသတ်ဖြတ်ခြင်း ၊နေအိမ်များမီးရှို့ခြင်း ၊ဘုရားစေတီများ ၊ ဘုန်းတော်ကြီးကျောင်းများအားဗုံးကြဲခင်း ၊ကျေးရွာများအတွင်း ဒရုန်းဗုံးကြဲချခြင်း ၊ဆတ်ကြေးများကောက်ခံခြင်း ၊ ကျောင်း သား/ ကျောင်းသူများအား ကျောင်းမတက်နိုင်ရေးအတွက်ခြိမ်းခြောက်ခြင်း ၊စာသင်ကျောင်းများအား ဗုံးကြဲတိုက်ခိုက်ခြင်း ၊လျှပ်စစ်နှင့် ဆက်သွယ်ရေးတာဝါတိုင်များကို ဖောက်ခွဲခြင်းတို့ကို နေ့စဥ်လုပ်ဆောင်လျှက်ရှိသည်။

#PAN