ကျောက်တံခါးမြို့နယ်တွင် တောင်ငူ – သာယာကုန်းသွယ်တန်းထားသော လျှပ်စစ်တာဝါတိုင်နှစ်ခုကို အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF များက  မိုင်းခွဲဖျက်ဆီး

ဩဂုတ် ၂၂

        ပဲခူးတိုင်းဒေသကြီး၊ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့၊ ဇရပ်ခင်ကျေးရွာအုပ်စု၊ သဲဖြူရွာသစ်ကျေးရွာအနီးတွင်ရှိသော  230KVA တောင်ငူ – သာယာကုန်းကို သွယ်တန်းထားသော လျှပ်စစ်ဓာတ်အားလိုင်း တာဝါတိုင်အမှတ် (၂၂၂) နှင့် (၂၂၃) တို့အား အကြမ်းဖက်သောင်း ကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့များက ယမန်နေ့ ည ၉ နာရီအချိန်ခန့်တွင် မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။


      အဆိုပါဖောက်ခွဲဖျက်ဆီးမှုကြောင့် တောင်ငူ နှင့် ကျောက်တံခါးမြို့နယ်အကြားရှိ လျှပ်စစ် ဓာတ်အားသုံးစွဲသူ အများပြည်သူများ လျှပ်စစ်မီးအခက်အခဲဖြစ်ပေါ်စေနိုင်ကြောင်း၊ အကြမ်းဖက်များသည် အများပြည်သူအသုံးပြုသော ဖုံးတာဝါတိုင်များ ၊ လျှပ်စစ်တာဝါတိုင်များ၊ ကားလမ်း ၊မီးရထားလမ်းများအား ၊စာသင်ကျောင်းများ၊ခရီးသည်တင်ကားများ ၊တံတားများအား အဓိကပစ်မှတ်ထား အကြမ်းဖက် တိုက်ခိုက်လျှက်ရှိကြောင်း သိရသည် ။

#PAN