ရေတာရှည်မြို့နယ်၊အင်ဒိုင်းကျေးရွာ အုပ်ချုပ်ရေးမူးကို လာရှာသော အကြမ်းဖက် PDF များက အုပ်ချုပ်ရေးမူး၏ ယောက္ခမကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး သားဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်

ဩဂုတ် ၂၁

       ယမန်နေ့ ည ၈ နာရီ ၅၀ မိနစ်အချိန်ခန့်တွင်
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ အင်ဒိုင်းကျေးရွာနေ ဦးတင်မောင်နိုင် ၏ အိမ်သို့ အင်ဒိုင်းရွာအရှေ့ဘက်မှ ဆိုင်ကယ်သုံးစီးဖြင့် လူသတ်အကြမ်းဖက် PDF ၆ ဦး ရောက်ရှိလာပြီး အုပ် ချုပ်ရေးမူးရှိလားဟုမေး​၍ အိမ်ရှေ့တွင်ထိုင်နေသော ဦးတင်မောင်နိုင်၏ ယောက္ခမ ဦးဝင်းမောင်၊ ၆၇ နှစ်၊(ဘ)ဦးအေးမောင်၊ဗမာ/ဗုဒ္ဒတောင်သူလုပ်ကိုင်သူကို လက်နက်ငယ်ဖြင့်ပစ် ခတ်ရာတင်ပဆုံအထက်ဖောက်ဝင်ဒဏ်ရာရရှိ သွားပြီး အုပ်ချုပ်ရေးမူး၏သားဖြစ်သူ အောင်အောင်ဦး ကို ဖမ်းဆီးခေါ်ဆောင်ခါအင်ဒိုင်းရွာမြောက်ဘက်သိုပြန်ထွက်သွားကြသည်။

       အဆိုပါ အကြမ်းဖက် PDF များ ဖမ်းဆီးခေါ်ဆောင်သွားသော အုပ်ချုပ်ရေးမူး၏သားဖြစ်သူအောင်အောင်ဦး ကို ည ၉ နာရီ ၄၅ မိနစ်အချိန်တွင် ပြန်လွတ်လာခဲ့ကြောင်း၊ သေနတ်ဖြင့် ပစ် ခတ်ခံရသည့် ရေတာရှည်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမူခံယူနေသော ဦးဝင်းမောင်သည် ည ၁၁ နာရီ ၅ မိနစ်အချိန်တွင် ရရှိဒဏ်ရာဖြင့် သေ ဆုံးသွားကြောင်း သတင်းရရှိပါသည်။

#PAN