မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းတွင် မသင်္ကာဖွယ် စက္ကူချပ်ဖာအတွင်းမှ မူးယစ်ဆေးဝါးဟု ယူဆရသည့် ပစ္စည်းများကို သိမ်းဆည်းရမိ

ဩဂုတ် ၂၁

        ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင် ရန်ကုန် တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်း၊ ပ ကွင်းအတွင်းရှိ ဂိတ်ခန်းအမှတ်(ဂ/၁) ရွှေဝယ်မင်းဂိတ်တွင် မူးယစ်ဆေးဝါးများတွေ့ရှိကြောင်း သတင်းပေးပို့သဖြင့် မင်္ဂလာဒုံနယ်မြေ လုံခြုံရေးပူးပေါင်းအဖွဲ့က သွား​ရောက်စစ်ဆေးရာ ဝေယံထက်နိုင်(09-696295959)အမည်ဖြင့် စက္ကူချပ်ဖာအတွင်းတွင် မှုးယစ်ဆေးဝါး ကတ်တမင်း(K)ဟုယူဆရသည့် ပန်းရောင်အထုတ် ၈၇ ထုပ်၊ အဖြူရောင် ၁၃ ထုပ်နှင့် အက်တက်စီ(E)ဟုယူဆရသည့် လိမ္မော်ရောင်ဆေးပြား ၁၀၀ ပြားပစ္စည်းတန်ဖိုး Kအထုပ် ၁၀၀ – သိန်း ၅၀ ခန့်
E အလုံး ၁၀၀ – သိန်း ၄၀ ခန့်အား တွေ့ရှိရသည်။

        ဖြစ်စဉ်မှာ ယနေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် ဂိတ်မှူး ဖြစ်သူမှ အလုပ်သမားများနှင့် ကုန်ပစ္စည်းများလက်ခံနေစဉ် Deli သမား အမျိုးသမီီီီီး ၁ ဦးမှ လာရောက်ပို့ဆောင်ပြီး ချက်ချင်းပြန်လည်ထွက်ခွာသွားခဲ့သဖြင့် ၎င်းပစ္စည်းအားမသင်္ကာ၍ ဖွင့်ဖောက်စစ်ဆေးရာ မူးယစ်ဆေးဝါးဟု ယူဆရသည့် ပစ္စည်းများကို  တွေ့ရှိရခြင်းဖြစ်သည်။

        ယခုအခါတွင် မူးယစ်ဆေးဝါးများသည်
အနာဂတ်လူငယ်များ၏ ဘဝများကို ဝါးမြို ဖျက်ဆီးနေပါသဖြင့် မူးယစ်ဆေးအန္တရာယ်သည် တစ်မျိုးသားလုံး၏ ရန်သူအဖြစ် တိုက်ဖျက်ချေမှုန်းကြပါရန်နှင့် မိဘပြည်သူများအနေဖြင့် မသင်္ကာဖွယ်ရာများတွေ့ရှိပါက နီးစပ်ရာ တပ်ရင်းတပ်ဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များသို့ လျို့ဝှက်စွာ သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းပါဝင်ကာ မူးယစ်ဆေးဝါး အန္တရာယ်ကို တိုက်ဖျက်ကြပါရန် အသိ ပေးနိုးဆော်ထားပါသည်။

#PAN