တနင်္သာရီမြို့နယ်အတွင်း အပြစ်မဲ့ သာမနိပြည်သူ ၃ ဦးကို အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့က နေအိမ်များတွင် လာရောက်၍ သေနတ့်ဖြင့်ပစ်ခတ်သတ်ဖြတ်

ဩဂုတ် ၂၁

       ယမန်နေ့ ည ၇ နာရီခွဲ အချိန်ခန်က တနင်္သာရီ တိုင်းဒေသကြီး၊  တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာအုပ်စု၊ ထုံနွယ်ကျေးရွာတွင်အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့က ထုံနွယ် အ.မ.က ကျောင်းတွင် တာဝန်ထမ်းဆောင်နေသော အထွေထွေအလုပ်သမားဝန်ထမ်းဖြစ်သူ ဒေါ်သိန်းရီ(ဘ)ဦးဉာဏ်ရွှေ ကိုလည်းကောင်း၊ အလားတူ တစ်ချိန်တည်းမှာပင် အရှေ့မော်တုန်းကျေးရွာအုပ်စု၊ အနောက်စုရွာမှ သာမန်ပြည်သူ ကိုအောင်ကိုဝင်း(ဘ)ဦးနေဝင်း ကိုလည်းကောင်း ၎င်းတို့၏​ နေအိမ်တွင် လာရောက်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရပါသည်။

      အလားတူ သြဂုတ်လ ၁၉ ရက်နေ့ ည ၇ နာရီအချိန်ခန့်ကလည်း တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာ အုပ်စု၊ တမုတ်ချုံးကျေးရွာတွင် အပြစ်မဲ့ပြည်သူ ကိုထွန်းနိုင်ဝင်း(ဘ)ဦးမိန်း ကိုလည်း လူသတ်အကြမ်း ဖက် PDF အဖွဲ့က ထမင်းစားနေစဉ် အိမ်ထဲသို့ဝင်ရောက်၍ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားကြောင်း သတင်းရရှိပါသည်။

     ပြည်ပြေးအကြမ်းဖက်အဖွဲ့ NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည်  စစ်အာဏာရှင်တော်လှန်ရေး၊ ဒီမိုကရေးစီရရှိရေး အမည်ခံထဂားသော်လည်း ”ငါနဲ့မတူ ငါ့ရန်သူ” ဟူ သော အကြမ်းဖက်ဝါဒဖြင့် ၎င်းတို့နှင့် သဘော ထားမတူသော လက်နက်မဲ့ပြည်သူများကို ဒလန်ဟုစွပ်စွဲချက်ဖြင့် ယခုလို သတ် ဖြတ်နေကြကြောင်း သိရပါသည်။

#PAN