အကြမ်းဖက်လူသတ် KTLA နင့် PDF ပူးပေါင်းအဖွဲ့မှ အာရှလမ်းမကြီး ပြုပြင်နေသော စက် ယန္တရားယာဉ်နှင့် ခရီးသည် ၁၅ ဦးတင်ဆောင်လာသော ယာဥ်အား အဝေးမှလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်

ဩဂုတ် ၂၀

        ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင်  ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကွင်းကလေးတံတားအကျော် အတက်ကွေ့၊ မြဝတီ-ကော့ကရိတ်အာရှလမ်း၊ ဒေါနသစ္စာစားသောက်ဆိုင်အနီး တောနော်ရေတံခွန်အနီးရှိ မြဝတီ-ကော့ကရိတ် အာရှ လမ်းပြိုကျပျက်စီးသည့်နေရာတွင် လုပ်ငန်းဆောင်ရွက်ပြီး မြဝတီမြို့သို့ပြန်လည်ထွက်ခွာ လာသော ယာဉ်မောင်း ကိုဇော်မျိုးထွန်း၊ ၃၁ နှစ်၊ (ဘ)ဦးဇော်မျိုး၊ မောင်းနှင်သည့် ဘက်ဖိုး(မြေတူး ယာဉ်)တင်ဆောင်လာသောယာဉ်နှင့် ခရီးသည် (၁၅)ဦး စီးနင်းလိုက်ပါလာသည့် ယာဉ်မောင်း ကိုဇော်မျိုးထွန်း၊ ၃၁ နှစ်၊ (ဘ)ဦးဇော်မျိုး၊ မောင်းနှင်လာသော ယာဉ်အမှတ် BGO-11 8L-7116 Super Custom (အဖြူရောင်)ခရီးသည်တင် ယာဉ် ၂ စီးတို့အား လူသတ်အကြမ်းဖက် KTLA နင့် PDF ပူးပေါင်းအဖွဲ့က လမ်း၏ ယာဘက်ခြမ်းမှ RPG/ 40 mm ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘက်ဖိုး(မြေတူး ယာဉ်)တင်ဆောင်လာသောယာဉ်၏ ဦးခေါင်းပိုင်းအားထိမှန်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း ယာဥ်အနည်း ငယ်ပျက်စီးသွားခဲ့ကြောင်း၊ ၎င်း ယန္တရားအနီးတွင် သွားလာနေသော မြဝတီမှ ကော့ကရိတ်ဘက်သို့ ခရီးသည် ၁၅ ဦး တင်ဆောင်လာသည့် ခရီးသည်တင်ယာဉ်၏ ဝဲဘက်ခြမ်းသို့ ၄၀ မမကျည် ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ၎င်း ပေါက်ကွဲမှုကြောင့် စန်းလင်းအောင်၊ ၂၃ နှစ်၊ (ဘ)ဦးစိုင်းမင်းဦး၊  မိတ္ထိလာမြို့နယ်၊ အုန်းစုကုန်ကျေးရွာ၊ နေသူတွင် ဝဲခြေသလုံး ပွန်းခြစ်ဒဏ်ရာ၊ ဝဲလက်မောင်းစုတ်ပြဲဒဏ်ရာ(မစိုးရိမ်ရ)၊ စိုးမင်းအောင်၊ ၃၅ နှစ်၊ (ဘ)ဦးစိုးဝင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ အင်တောကျဉ်ကျေးရွာ၊ နေသူတွင် ဝဲ/ယာပေါင်ပွန်းခြစ်ဒဏ်ရာ(မစိုးရိမ်ရ)၊ ထိန်လင်း၊ ၄၅ နှစ်၊ (ဘ)ဦးမြတ်ဖေ၊ ဝေါမြို့၊ မိုးနတ်ရပ်ကွက်၊ နေသူတွင် ဝဲဒူးပွန်းခြစ်ဒဏ်ရာ(မစိုးရိမ်ရ)၊မနန်းလွမ်ငင်၊ ၁၉ နှစ်၊ (ဘ)ဦးမောင်သန့်၊ ဖယ်ခုံမြို့၊ လွယ်ပေါရပ်ကွက်၊ သူတွင် ဝမ်းဗိုက်ပွန်းခြစ်ဒဏ်ရာ၊ ဝဲဒူး ပွန်းခြစ်ဒဏ်ရာ(မစိုးရိမ်ရ)ဒဏ်ရာအသီးသီးရရှိခဲ့ကြကြောင်း၊ ဒဏ်ရာရ လူနာများအား တပ်မ တော်စစ်ဆေးရုံ၊ သင်္ဃန်းညီနောင်သို့ ဆေးကုသခံယူရန် ပိုဆောင်ခဲ့ကြောင်း သိရပါသည်။

အထက်ပါဖြစ်စဉ်မှ ထိခိုက်ပျက်စီးသွားသည့် ဘက်ဖိုး(မြေတူးယာဉ်)တင်ဆောင်လာသော ယာဉ်နှင့် ခရီးသည်တင်ယာဉ် ၎င်းယာဉ်(၂)စီးတို့၏ ပျက်စီး ဆုံးရှုံးမှုကာလတန်ဖိုးမှာ စိစစ်ဆဲဖြစ် ကြောင်း၊ လမ်းပိုင်းပြုပြင်နေသော လုပ်ငန်းခွင့်မှ တာဝန်ရှိသူများကို ယခင်ရက်များမှလဲ အဝေးမှ စနိုက်ဘာသေနတ်ဖြင့် ပစ်ခတ်ခြင်း၊ RPG အပါ အဝင် လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းများရှိခဲ့ပါသည်၊ ယခုလိုအဖျက်အမှောက်များ လုပ် ဆောင်နေကြသော လူသတ်အကြမ်းဖက် KTLA နင့် PDF ပူးပေါင်းအဖွဲ့များ၏ နောက်သို့ တပ်မ တော်စစ်ကြောင်းများမှ လိုက်လံရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN