ရွှေဂွန်းတပ်စခန်းသို့ အကြမ်းဖက်သောင်းကျန်း သူ KNLA နှင့် PDF ပူးပေါင်းအဖွဲ့က ရွှေဂွန်းတပ်စခန်းသို့၆၀ မမဖြင့် ၆ လုံးပစ် ခတ်ခဲ့ရာ ကျေး ရွာ ရပ်ကွက်အတွင်း ကျရောက်သော ဗုံး တစ်လုံးကြောင့် ၄ နှစ်အရွယ် ကလေးတစ်ဦး ဒဏ်ရာရ

ဩဂုတ် ၂၀

        ယနေ့ နံနက် ၇ နာရီ ၁၅ မိနစ်အချိန်မှ ၇ နာရီခွဲအချိန်ထိ ကရင်ပြည်နယ်၊ ရွှေဂွန်းတပ်စခန်းသို့ အကြမ်းဖက်သောင်းကျန်းသူ KNLA နှင့် PDF ပူးပေါင်းအဖွဲ့၊ KNU တပ်မဟာ (၁)၊ ရင်း၁ မှ ဒုခွဲမှူးအဆင့်ရှိ ကျော်စိုး ဦးစီး ၁၅ဦးခန့်သည် သံလွင် မြစ်အနောက်ဘက်ကမ်းမှ ၆၀ မမဖြင့် ၆ လုံးပစ် ခတ်ခဲ့ရာ ရွှေဂွန်းတပ်စခန်း၊  စခန်းဝန်းအတွင်း
၄ လုံး၊ ၇၅၀ ရပ်ကွက်အတွင်း ၁ လုံး၊ သစ်စက်ဟောင်းနေရာတွင် ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

        အဆိုပါ ဗုံး ကျရောက်ပေါက်ကွဲမှု့ကြောင့် ၇၅၀ ရပ်ကွက်နေ မသန္တာ၊ ၄ နှစ်၊ (ဘ) ဦးညီညီထွေး ဦးခေါင်းရှပ်ထိ ဒဏ်ရာ ၁ ချက်၊ ဘယ်ရင်ဘတ် ၁ ချက်၊ ဘယ်လက် ပွန်းပဲဒဏ်ရာ၊ (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး လူနာကို ရွှေဂွန်းဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိကြောင်း သတင်းရရှိပါသည်။

         ”သူတို့က ပစ်တာက လုံခြုံရေးစခန်းကိုပစ်တာ၊ လုံခြုံရေး စခန်းက သံလွင်မြစ်ကမ်းမှာရှိတာ၊ လူနေရပ်ကွက်နဲ့နီးတယ်၊ KNU ဖက်က ပစ်တာ မတိကျတော့၊ ရပ်ကွက်ထဲ လာကျတာ၊ ကံကောင်း ကလေးကို ခေါင်းကို ရှပ်ထိတာ၊ ခေါင်းဆိုတော့ နေရာလေးနည်းနည်း လွဲလိုက်တာနဲ့ သေဘို့ဘဲရှိတယ်” ဟု ၎င်းရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပြလာသည်။

        အဆိုပါ အကြမ်းဖက်သောင်းကျန်းသူ KNU တပ်မဟာ (၁)၏ နယ်မြေသည် သံလွင်မြစ် အနောက်ဖက်ခြမ်းဖြစ်ပြီး ရွှေဂွန်းရွာသည် သံလွင်မြစ် အရှေ့ဖက်ခြမ်း တပ်မဟာ (၇)နယ်မြေဖြစ်သည်။ လက်ရှိ KNU တပ်မဟာ များ အကြား သဘောကွဲလွဲမှုများရှိနေရာ တပ်မဟာ(၁) သည် NCA လမ်းကြောင်းကို ဖျက်သိမ်းပြီး စစ်ရေးနည်းဖြင့် ဖြေရှင်းလိုပြီး တပ်မဟာ (၇)မှာ NCA အတိုင်း ငြိမ်းချမ်းစွာ ဖြေရှင်းလိုကြောင်း သိရပါသည်။

#PAN