“အမေရိကန် အစိုးရက တူရကီနိုင်ငံ ကို ရုရှားနိုင်ငံ အား အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ် ဆို့မှုများကို ကျော်လွှား နိုင်ရန် ကူညီခြင်းများ မပြုရန် သတိပေးပြောကြားခဲ့”

သြဂုတ် ၁၉

အမေရိကန်၏ ရုရှားအား ဒဏ်ခတ် ပိတ်ဆို့မှုများကို ကျော်လွှားနိုင်ရန် အတွက် ရုရှားနိုင်ငံ ကို ကူညီခြင်းများ မပြုရန် တူရကီအား အမေရိကန်နိုင်ငံက သတိပေး ပြောကြား ခဲ့တာဖြစ်ပါတယ်။

ယူကရိန်းစစ်ပွဲများကြောင့် မော်စကို(ရုရှား) အပေါ် ချမှတ်ထားတဲ့ အမေရိကန်တို့ရဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ကျော်လွှားပြီး ရုရှားကို ကူညီခြင်းမပြုဖို့ တူရကီကို အမေရိကန်က သတိပေးမှုများပြုလုပ်ခဲ့ကြောင်း အမည်မဖော် လိုသည့် အမေရိကန် အရာရှိများ၏ ပြောကြား မှုများကို ​ကိုးကားပြီး Wall Street Journal သတင်းဌာနက ပြီးခဲ့သည့် သြဂုတ်လ ၁၈ရက် သောကြာနေ့က ဖော်ပြပြော ဆိုခဲ့တာ လည်း ဖြစ်ပါတယ်။

အစီရင်ခံစာ အရ သမ္မတ အန်ကာရာ၏ သံသယဖြစ်ဖွယ် အခန်းကဏ္ဍတွင် ရုရှားနိုင်ငံမှ ရေနံများ သယ်ယူနိုင်ရန် ဖန်တီးထားသော “သရဲသင်္ဘော” လည်း ပါ၀င်နေပြီး တူရကီ နိုင်ငံ တာဝန်ရှိသူများက အမေရိကန်နိုင်ငံ၏ ပိတ်ဆို့အရေးယူထားသော ရုရှားသင်္ဘောများကို တူရကီဆိပ်ကမ်းများတွင် ဆိုက်ကပ်ခွင့် ပြုနေ တယ်လို့ လည်း သံသယရှိကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြ​ထားပါတယ်။