“လာမည့် ဇန်နဝါရီလ တွင်ကျင်းပပြုလုပ်မည့် ထိုင်ဝမ်သမ္မတ အသစ်ရွေးကောက်ပွဲတွင် သမ္မတ ဖြစ်လာနိုင်သည့် ရှေးပြေးသမ္မတ လိုင် ၏ အမေရိကန် ခရီးစဥ်အပြီး တရုတ်နိုင်ငံက ခွဲထွက်ရေးသမားများကို သတိပေး သည့် အနေဖြင့် ထိုင်ဝမ်ကျွန်းအနီးတွင် ယနေ့ စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်”

သြဂုတ် ၁၉

ထိုင်ဝမ်နိုင်ငံ၏ ရေပိုင်နက် ဧရိယာအနီး တဝိုက်တွင် တရုတ်နိုင်ငံ စစ်တပ်က ယနေ့ စနေနေ့ အစောပိုင်းအချိန်တွင် စစ်ရေး လေ့ကျင့်မှု စတင်ခဲ့တာဖြစ်ပြီး အဆိုပါ စစ်ရေးလေ့ကျင့်မှုများသည် ထိုင်ဝမ်၏ ခွဲထွက်ရေး တွေကို ပြင်းပြင်းထန်ထန် သတိပေးလိုက်တာဖြစ်ပါတယ်။

ထိုင်ဝမ်နိုင်ငံ ဒုသမ္မတ ဝီလျံလိုင် အမေရိကန်နိုင်ငံ ကို လာရောက် လည်ပတ်မှုများ အပေါ် တရုတ်နိုင်ငံက ဒေါသထွက်နေပြီး တရုတ်နိုင်ငံမှ ကျယ်ကျယ်ပြန့်ပြန့် တုံ့ပြန်မှုဖြစ်တယ်လို့ လည်း ဖော်ပြထား ကြပါတယ်။

လာမည့် ဇန်နဝါရီလ တွင်ကျင်းပပြုလုပ်မည့် ထိုင်ဝမ် သမ္မတ အသစ် ရွေးကောက်ပွဲတွင် ထိုင်ဝမ်နိုင်ငံ ၏နောက်ထပ် သမ္မတဖြစ်လာနိုင်သည့် ရှေ့ပြေးသမ္မတ လိုင်သည် ပါရာဂွေးသို့ အလည်အပတ် ခရီးစဥ်အဖြစ် သွားရာလမ်းကြောင်းကို တရားဝင် ရပ်နားထားသော်လည်း ပြီးခဲ့သည့် သောကြာနေ့က အမေရိကန်နိုင်ငံ မှ ထိုင်ဝမ်နိုင်ငံသို့ အလည်အပတ် ခရီးစဥ်အအပြီး ပြန်လည်ရောက်ရှိလာပြီး နိုင်ငံတွင်း၌ မိန့်ခွန်းပြောကြားမှုများပြုလုပ်ခဲ့ပါတယ်။

ယနေ့ ပြုလုပ်နေသည့် ထိုင်ဝမ်တစ်ဝိုက်ရှိ ဧရိယာအနီးရှိ တရုတ် ပြည်သူ့လွတ် မြောက်ရေးတပ်မတော်၏ အရှေ့ပိုင်းတိုင်း ကွပ်ကဲမှုဌာန က အဆိုပါ စစ်ရေး လေ့ကျင့်မှု များတွင် ထိုင်ဝမ် ကျွန်းတစ်ဝိုက်တွင် ပူးတွဲရေတပ်နှင့် လေကြောင်းတိုက်ခိုက်ရေး အဆင်သင့် ကင်းလှည့်မှုများကို လုပ်ဆောင်နေကြောင်း အတိုချုံးပြီး ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ယနေ့ သြဂုတ် ၁၉ ရက်၊ စနေနေ့တွင် ထိုင်ဝမ်တစ်ဝိုက်တွင် တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်မှုများ စတင်ခဲ့ပြီး ထိုင်ဝမ်နိုင်ငံအတွင်းရှိ ခွဲထွက်ရေး သမားများကို တရုတ်နိုင်ငံအစိုးရက သတိပေးလိုက်တာဖြစ်ပြီး ထိုင်ဝမ် ဒုသမ္မတ ၏ အမေရိကန်သို့ လာရောက်လည်ပတ်မှုများအပေါ် ဒေါသတကြီး တုံ့ပြန်မှုတစ်ခုအဖြစ် ထိုင်ဝမ်ကျွန်း အနီး တွင် စစ်ရေးဆလ့ကျင့်မှုများကို စတင်ခဲ့တာဖြစ်ကြောင်း တိုင်ပေ(ထိုင်ဝမ်)အစိုးက မှ တရုတ်နိုင်ငံကို ပြစ်တင်ရှုတ်ချမှုများပြုလုပ်ခဲ့ပါတယ်လို့ သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။