မြင်းခြံမြို့နယ်၊ပျားကျေးရွာအနီးတစ်ဝိုက်၌ တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းရေးဆောင်ရွက်စဥ် လက်လုပ်မိုင်းထောင်နေသော အမည်မသိ အကြမ်းဖက်သမား PDF တစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိ

ဩဂုတ် ၁၉

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ပျားကျေးရွာတွင် လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းသည် ယမန်နေ့ မွန်တည် ၁၂ နာရီခွဲအချိန်ခန့်တွင် ပျားကျေးရွာအနီးတစ်ဝိုက်၌ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ ပျားကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၁၅၀၀ အကွာသို့ ရောက်ရှိစဥ် လက်လုပ်မိုင်းထောင်နေသော အမည်မသိ အကြမ်းဖက်သမား
PDF အမျိုးသားတစ်ဦးကို လက်နက်ကိုင်ဆောင်လျှက်တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရပ်တန့်ရန် အကြိမ်ကြိမ် အော်ဟစ်တားမြစ်သော်လည်း အဆိုပါအကြမ်းဖက်သမားမှာ ရပ်တန့်ခြင်းမရှိဘဲ ထွက်ပြေးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့သည်။

        ထိုသို့ ပစ်ခတ်ဖမ်းဆီးရာ PDF အကြမ်း ဖက်သမားတွင် ဝဲ-နားထင်ဖောက်ဝင်ပြီး နောက် စေ့ဖောက်ထွက်ဒဏ်ရာ ၁ ချက်ဖြင့် အသေ ဖမ်း ဆီးရမိခဲ့သည်။ ဖမ်းဆီးရမိခဲ့သည့် အကြမ်းဖက် PDF ထံမှ လက်လုပ်သေနတ် ၁ လက်၊၎င်းကျည် ၁၀တောင့်၊ တရုတ်လက် ပစ်ဗုံး ၁လုံး တို့အား သိမ်းဆည်းရမိခဲ့ပြီး ဖြစ်စဥ်ဖြစ် ပွားရာနေရာ အနီးတစ်ဝိုက်အား လိုက်လံရှင်းလင်းခဲ့ရာ သံကိုယ် ထည်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း ၉ လုံး၊ ဝါယာကြိုးခွေ၊ပေ ၃၀ခန့် ၁ ခွေ၊ ဆိုင်ကယ် ဘက္ထရီအိုး ၂လုံး၊ ကြားခံ Receiver ၁ ခု တို့ကို ထပ်မံ သိမ်း ဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN