“ထိုင်းနိုင်ငံသို့ ပြန်လာတော့မည်ဖြစ်သည့် ဝန်ကြီးချုပ် ဟောင်း သက်ဆက် နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အသစ် ရွေးကောက်ပွဲများ”

သြဂုတ် ၁၉

ထိုင်းနိုင်ငံ ရွေးကောက်ပွဲ ကျင်းပနေချိန် အတွင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ သည် လာမည့် သြဂုတ်လ ၂၂ရက် အင်္ဂါနေ့တွင် ထိုင်းနိုင်ငံသို့ ပြန်လာတော့မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဟောင်း၏ သမီး အငယ်ဆုံး ဖြစ်သူ Paetongtarn Shinawatra က ယနေ့ စနေနေ့တွင် လူမှုမီဒီယာပေါ်တွင် ကြေညာခဲ့ တာဖြစ်ပါတယ်။

“သြဂုတ်လ ၂၂ ရက် အင်္ဂါနေ့ မနက် ၉ နာရီမှာ ဒွန်မောင်းလေဆိပ်မှာ အဖေ သက်ဆင်ကို ကြိုဆိုဖို့ ရှိပါတယ်” လို့ ဖြူထိုင်းပါတီ၏ ဝန်ကြီးချုပ်လောင်း သုံးဦးထဲမှ တစ်ဦးဖြစ်သည့် မစ္စ ပက်တွန်တန်က ၎င်း၏ Instagram နှင့် Twitter တို့တွင် ရေးသားခဲ့ဖော်ပြထားပါတယ်လို့ သတင်းဌာနများက ယနေ့ ဖော်ပြ ပြောဆိုနေကြပါတယ်။