“အမေရိကန်အစိုးရက ရုရှား-ယူကရိန်း စစ်ပွဲများတွင် ရုရှားနိုင်ငံ၏ လေကြောင်း အင်အား သာလွန်မှုများကို တန်ပြန်နိုင်ရန် အတွက် ယူကရိန်းနိုင်ငံ သို့ F-16 အမျိုးအစား တိုက်လေယာဥ် အများအပြား ထောက်ပံ့ ပေးပို့မှုများပြုလုပ်သွားဖွယ်ရှိနေ”

သြဂုတ် ၁၈

အမေရိကန်နိုင်ငံက လေယာဉ်မှူး လေ့ကျင့်မှုများပြီးဆုံးသည်နှင့် ဒိန်းမတ်နိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့မှတစ်ဆင့် ရုရှား ကျူးကျော်မှုများကို ခုခံကာကွယ်နိုင်ရန်အတွက် ယူကရိန်းနိုင်ငံသို့ F-16 အမျိုးအစား တိုက်လေယာဉ်များ စေလွှတ်ရန် အမေရိကန်အစိုးရ က အတည်ပြုလိုက်ပြီဟု အမေရိကန်အရာရှိတစ်ဦးက ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ပြောကြားခဲ့ပါတယ်။

ယူကရိန်းနိုင်ငံ သည် ရုရှားနိုင်ငံ၏ လေကြောင်း အင်အား သာလွန်မှုကို တန်ပြန်နိုင်ရန် အတွက် အမေရိကန်လုပ် F-16 အမျိုးအစား တိုက်လေယာဉ်များကို ထောက်ပံ့ပေးပို့နိုင်ရန် တောင်းဆိုကြိုးပမ်းမှုများပြုလုပ်ခဲ့ပြီး ဝါရှင်တန်(အမေရိကန်) သည် ဒိန်းမတ်နိုင်ငံ နှင့် နယ်သာလန်နိုင်ငံ တို့မှ ယူကရိန်းနိုင်ငံအတွက် တရားဝင် အာမခံချက်ပေးထားသည့်အတိုင်း F-16 တိုက်လေယာဥ် လွှဲပြောင်းပေးအပ်နိုင်ရန် တောင်းဆိုချက်အားလုံးကို အလျင်အမြန် အတည်ပြုပေးသွား မည်ဖြစ်ရာ ယူကရိန်း လေယာဉ်မှူးများကို လေ့ကျင့်သင်ကြားမှုများပြုလုပ်ပြီးချိန်တွင် F-16 တိုက်လေယာဉ်များ ပေးပို့ ထောက်ပံ့သွားမှာလည်း ဖြစ်ပါတယ်။

ထို့နောက် Blinken က “ယူကရိန်းဟာ ရုရှားရဲ့ ရန်စမှုတွေနဲ့ သူ့ရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်မှုကနေ ခုခံကာကွယ်ဖို့ အရေးကြီးနေသေးတယ်” လို့ မကြာသေးမှီ အချိန်က ပြောဆိုထားပြီး လေယာဥ် ပျံသန်းမှုဆိုင်ရာ လေ့ကျင့်မှုပြီးဆုံးသည်နှင့် ယူကရိန်းနိုင်ငံသည် လေကြောင်း စွမ်းရည်အသစ်များကို အပြည့်အဝ အခွင့်ကောင်းယူနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ပြီးခဲ့သည့် မေလအတွင်းက F-16 တိုက်လေယာဉ်များ အတွက် ယူကရိန်းလေယာဉ်မှူးများအား လေ့ကျင့်ရေးအစီအစဉ်များအားလုံးကို ထောက်ခံခဲ့သော်လည်း စစ်လေယာဉ်များ ထောက်ပံ့ပေးမည့်အချိန်ကို ယခုအချိန်အထိ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေပါဘူးလို့လည်း သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။