“လာမည့် စက်တင်ဘာလ ၁ရက်နေ့တွင် စင်င်္ကာပူနိုင်ငံ၏ သမ္မတရွေးကောက်ပွဲဆိုင်ရာ မဲပေးရွေးချယ်မှုများ ပြုလုပ်သွားဖွယ်ရှိနေ”

သြဂုတ် ၁၈

စင်္ကာပူနိုင်ငံသည် ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ် ယှဉ်ပြိုင်ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲတွင် အငြင်းပွားမှုများ နှင့် လူထု၏ခံစားချက်ကို ချိန်ဆပြီး အဆိုပါ သမ္မတ ရွေးကောက်ပွဲကို ကျင်းပပြုလုပ် သွားမည်ဖြစ်ပါတယ်။

စင်္ကာပူနိုင်ငံ၏ ၁၉၉၁ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး နှင့် သမ္မတ ရာထူးကို အများသူငှာ ရွေးကောက် တင်မြှောက်သူအဖြစ်သာ ပြောင်းလဲခဲ့ပြီးနောက် စင်ကာပူနိုင်ငံသားများသည် လာမည့် စက်တင်ဘာလ ၁ ရက်နေ့တွင် မဲပေးသွားကြမှာဖြစ်ပါတယ်။

အဆိုပါ သမ္မတ ရွေးကောက်ပွဲအတွက် တင်းကျပ်သော စံချိန် စံနှုန်းများနှင့် ကိုက်ညီသူ သမ္မတ လောင်း ၃ဦးထိ ဝင်ရောက် ယှဉ်ပြိုင်ကြမှာဖြစ်ကြောင်း စင်င်္ကာပူ နိုင်ငံ ရွေးကောက်ပွဲ ဦးစီးဌာနက ယနေ့ သောကြာနေ့တွင် တရားဝင်ထုတ်ပြန် ပြောကြားခဲ့တာဖြစ်ပါတယ်။

ထို့နောက် သမ္မတ လောင်းများသည် လာမည့် ဩဂုတ်လ ၂၂ ရက်နေ့တွင် တရားဝင် အမည်စာရင်းတင်သွင်းရမည်ဖြစ်ပြီး မြို့တော်နယ်နိမိတ်တွင် သမ္မတရာထူးအတွက် လျှောက်ထားမှု ​၆ထိခုရှိနေပြီလည်းဖြစ်ပါတယ်။

လွန်ခဲ့သော ခြောက်နှစ်က လက်ရှိသမ္မတ Halimah Yacob သည် အပြိုင်အဆိုင်မရှိသော ကြောင့် ရွေးကောက်ပွဲတွင် သမ္မတ ရာထူးနေရာရရှိခဲ့တာဖြစ်တယ်လို့လည်း သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။