ရန်ကုန် – မန္တလေးမီးရထားလမ်းတွင် မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ဦးတည်မောင်းနှင်လာသော ကုန်တင်မီးရထားကို တောကျွဲအင်းမြို့နှင့်ကညွတ်ကွင်းမြို့အကြားတွင် အကြမ်းဖက်သောင်းကျန်း သူ KNU နှင့် PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်

သြဂုတ် ၁၈

       ယနေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က မန္တလေးဖက်မှရန်ကုန်ဖက်သို့ မောင်းနှင်းလာသော ကွန်တိန်နာရထား အမှတ် DF-၂၀၇၇ အစုန်ရထားသည်  ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့နှင့် ဖြူးမြို့နယ်၊ကညွတ်ကွင်းမြို့အကြား တံတားအမှတ် ၁၇၉(သပိတ်ချောင်းတံတား) မီးရထားမိုင်တိုင် ၁၂၀/၃-၄ အကြားအရောက်တွင် အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကုန်ရထားတွဲ ၁ တွဲ တိမ်းမှောက်ခဲ့ပြီး ၈ တွဲမှာလမ်းချော်ကာရပ်တန့်ခဲ့ကြောင်း၊ ကုန်တင်ကွန်တိန်နာတွဲများ၊ မီးရထား လမ်းနှင့် တံတားများမှာပျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။

       အဆိုပါအကြမ်းဖက်သောင်းကျန်း သူ KNU နှင့် PDF အဖွဲ့များ၏ ယခုလို ရထားမိုင်းဆွဲတိုက် ခိုက်ခြင်းသည် နိုင်ငံတကာစစ်ဥပဒေ (ခေါ်) ဂျီနီဗာကွန်ဗင်းရှင်း၏ နောက်ဆက်တွဲစာချုပ် (၁)၊ အပိုဒ် ၅၂ အပိုဒ်ခွဲ(၂)ပါ ပြည်တွင်းစစ်ပွဲများတွင် ဘက်နှစ်ဘက် စစ်ဆင်တိုက်ခိုက်နေစဉ် စစ်ရေးပစ်မှတ်ကိုသာ တိုက်ခိုက်ခွင့်ရှိသည်ဟုသောအချက်ကို ချိုးဖောက်ခြင်းပင် ဖြစ်ကြောင်း သိရပါသည်။

#PAN