ဖားကန့်မြို့ ၊လုံးခင်းကျေး ရွာ၊ ရပ်ကွက်(၁)ရှိ GREEN CITY KTV ဆိုင်မန်နေဂျာကို အကြမ်း ဖက် သမား PDF လူငယ် ၂ ဦး‌က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

သြဂုတ် ၁၈

       ကချင်ပြည်နယ်၊ ဖားကန့်မြို့ ၊လုံးခင်းကျေး ရွာ၊ ရပ်ကွက်(၁)ရှိ ဦးတင်ထွန်းလှိုင်+ဒေါ်အားမိုင်မိသားစု ဖွင့်ထားသော GREEN CITY KTV တွင် ယမန်နေ့ ည ၉ နာရီခွဲအချိန်ခန့်က အကြမ်း ဖက်သမား PDF လူငယ် ၂ ဦး‌ဆိုင်ကယ်နှင့် ရောက်ရှိလာပြီး  ဆိုင်မန်နေဂျာ ကျော်ထွန်းအောင်၊ ၄၅ နှစ်ကို လာရောက်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရပါသည်။

      အဆိုပါ မန်နေဂျာကို သေနတ်နှင့် လေးချက် ပစ်ခတ်သွားကြောင်း ၊ ရုပ်အလောင်းကို ဒေသတွင်းလူမှုကူညီရေးအသင်းအဖွဲ့တွေရဲ့ ကူညီမှုနှင့်ဖားကန့်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ ၎င်းဖြစ်စဉ်နှင့် ပတ်သတ်၍ မည်သည့်အဖွဲ့အစည်းက သတ်သွားတယ်ဆိုတာကိုတော့  ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရပါသည်။

        ”အဲဒီ  KTV ဆိုင်ကို အကြမ်းဖက် PDF အဖွဲ့က ဆက်ကြေးတောင်းထားတာကို အပြည့်အဝမပေးလို့ အခုလို သတ်ပစ်တာဖြစ်နိုင်တယ်” လို့ ဒေသခံတစ်ဦးက ဆိုပါသည်။

      အလားတူ ဖားကန့်မြို့မှာ လွန်ခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့ကလည်း မှော်ရှန်ကျေးရွာရှိ ရှင်းရင်ဟော်တယ်ပိုင်ရှင်အမျိုးသမီး ဒေါ်ဖြူဖြူသန့်ကို အမည်မသိ လက်နက်ကိုင်လူတစုက လာရောက်ခေါ်ယူသွားခဲ့ပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ဖြစ်စဉ်‌ရှိခဲ့ပါသည်။

#PAN