ခင်ဦးမြို့၊ မြကန်သာရပ်ကွက်တွင် အကြမ်းဖက် PDF အဖွဲ့ဝင်တစ်ဦး၏နေအိမ်ကို တာဝန်သိပြည်သူတစ်ဦး၏ လျှိဝှက်သတင်းပေးပိုချက်အရ နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့က သွားရောက်ရှင်းလင်းရာ လက်နက်ခဲယမ်းများနှင့်အတူ တရားခံအမျိုးသမီး တစ်ဦးကို ဖမ်းဆီးရမိ

ဩဂုတ် ၁၇

         ယမန်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် စစ် ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့၊ မြကန်သာရပ်ကွက်နေ မျိုးကျော်၊ ၄၁ နှစ်၊ (ဘ)ဦးတင်ဝင်း၊ ယာဉ်မောင်းသည် ခင်ဦးမြို့ အကြမ်းဖက် PDF အဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်း တာဝန်သိပြည်သူတစ်ဦး၏ လျှိဝှက်သတင်းပေးပိုချက်အရ ခင်ဦးမြို့၊ နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့သည် ယနေ့ နံနက် ၂ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် ခင်ဦးမြို့၊ မြကန်သာရပ်ကွက်ရှိ မျိုးကျော်၏နေအိမ်ကို ဝင်ရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက် PDF အဖွဲ့များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး နံနက် ၂ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် မျိုးကျော်ပါ အကြမ်းဖက်အဖွဲ့ဝင် ၄ ဦးသည် ခင်ဦးမြို့၏ မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ ဘိုးဖောင်ဘုရားဖက်သို့ ဆုတ်ခွာထွက် ပြေးသွားခဲ့သည်။

       နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့သည်  အကြမ်းဖက်သမား PDF များကို ဖမ်းဆီးရမိရေး ပိတ်ဆို့ရှင်းလင်းဆောင်ရွက်လျှက်ရှိပြီး ဖမ်းဆီးရမိ တရားခံ သီတာဦးအား ခင်ဦးမြို့နယ်ရဲစခန်းတွင် ချုပ်နှောင်ထားရှိပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့်အညီ အမှုဖွင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

အဆိုပါ ခင်ဦးမြို့နယ်၊ မြကန်သာရပ်ကွက်တွင် အိမ်ခြေ ၉၅၅ လုံး၊ အိမ်ထောင်စု ၉၆၀ စု၊ လူဦးရေ ကျား ၁၈၉၆ ဦး၊ မ ၂၂၀၂ ဦး၊ ပေါင်း ၄၀၉၈ ဦး နေထိုင်လျက်ရှိကြောင်း သိရသည်။

#PAN