ရေစကြိုမြို့နယ်၊ကျောက်ဖူးကျေးရွာ စာသင် ကျောင်းအတွင်း အကြမ်းဖက် PDFများ ခိုအောင်းနေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ တပ်မတော်စစ်ကြောင်းက သွားရောက်ရှင်းလင်းရာ လက်နက်နှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

ဩဂုတ် ၁၇

         မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ကျောက်ဖူးကျေးရွာရှိ စာသင်ကျောင်းတွင် လူ သတ်အကြမ်းဖက် PDFများ ခိုအောင်းနေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ ယနေ့ နံနက်ပိုင်းတွင် တပ်မတော်စစ်ကြောင်းက သွားရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက် PDFများ ကိုယ်လွတ် ရုန်းထွက်ပြေးသွားကြောင်း သိရပါသည်။

         အဆိုပါစာသင်ကျောင်းအတွင်းမှ လက်လုပ်မိုင်းမျိုးစုံ ၅၅ လုံး၊ လက်လုပ်စိန်ပြောင်း ၁ လက်၊
လက်လုပ်စိန်ပြောင်းဗုံးသီး ၄ လုံး၊ လက်လုပ်စိန်ပြောင်းအကူဒေါက် ၁ စုံ၊ဘက်ထရီအိုးမျိုးစုံ  ၁၄ လုံး၊ ယမ်းပျော့ ၁၆ ထုပ်၊ နီ/နက်ဝါယာကြိုးခွေ ၁ ခွေ၊ မှန်ဘီလူး ၂ ခု၊သံဖြတ်လွှ ၁ ချောင်း၊ Gluegun ၁ ခု၊ယမ်းကြိုးခွေ ၁ ခွေ၊နိုင်လွန်ကြိုးခွေ ၁ ခွေ၊ အင်္ကျီ ၃ ထည်၊လည်စည်း ၂ ခု တို့  သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN