“ဆီးရီးယားနိုင်ငံ တောင်ဘက်ပိုင်းတွင် အမေရိကန် ဦးဆောင်သော နိုင်ငံတကာ ညွှန့်ပေါင်းအဖွဲ့၏ F-35 အမျိုးအစား တိုက်လေယာဥ် ၂စင်း နှင့် ရုရှား နိုင်ငံပိုင် Su-35 အမျိုးအစား တိုက်လေယာဥ် ၂စင်း တို့ ဝေဟင်တွင် အန္တရာယ်ဖြစ်စေနိုင်သော ထိတွေ့မှု တစ်ခုဖြစ်ပွားခဲ့”

သြဂုတ် ၁၇

အမေရိကန်ဦးဆောင်သော နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့၏ F-35 အမျိုးအစား တိုက်လေယာဉ် ၂စင်းသည် ဆီးရီးယားနိုင်ငံ တောင်ပိုင်းလေပိုင်နက်တွင် ရုရှား Su-35 တိုက်လေယာဉ်များထံ ရန်လိုသော ချဉ်းကပ် မှုများပြုလုပ်ခဲ့ကြောင်း
ဆီးရီးယား နိုင်ငံအတွင်းရှိ စစ်ပွဲများ ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ ရုရှားနိုင်ငံ၏ လက်ထောက်ညွှန်ကြားရေးမှူး ရေတပ် ဗိုလ်ချုပ်ကြီး Vadim Kolet က သြဂုတ်လ ၁၄ ရက်၊ ၁၂:၃၅ မှ ၁၂:၅၀ အကြား (၀၉:၃၅ နှင့် ၉:၅၀ GMT) အင်္ဂါနေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံ တောင်ပိုင်း Al-Tanf ဧရိယာတွင် အမြင့်ပေ ၉,၁၀၀ မီတာခန့်တွင် အမေရိကန် ညွန့်ပေါင်း၏ F-35 တိုက်လေယာဉ် ၂စင်းနှင့် ရုရှား နိုင်ငံ လေကြောင်းအာကာသတပ်ဖွဲ့မှ Su-35 တိုက်လေယာဉ် ၂စင်းတို့အကြား အန္တရာယ် ရှိသော ထိတွေ့မှုတစ်ခု ဖြစ်ပွားခဲ့ ကြတာလည်းဖြစ်ပါတယ်။

” ပြီးခဲ့သော ၂၄ နာရီအတွင်း အယ်လ်တန်ဖ် ဧရိယာအနီးတွင် ပျံသန်းနေသော အမေရိကန် ဦးဆောင်သော နိုင်ငံတကာညွန့်ပေါင်းအဖွဲ့၏ တိုက်ခိုက်ရေး လေယာဥ်များ နှင့် ဒရုန်းများသည် ဆီးရီးယားတွင် စစ်ရှောင်လွှဲခြင်းဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်မှုပေါင်း အကြိမ် ၂၀ ထိမှတ်တမ်းတင်ထား​ပါတယ် “လို့ Kolet က အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ထပ်လောင်း ပြောကြားခဲ့ပါတယ်။