ပုလောမြို့နယ်၊ပလမြို့တွင် အရပ်သားပြည်သူ များ၏ နေအိမ်များကို အကြမ်းဖက်လူသတ် PDF များက မီးရှို့ဖျက်ဆီး

ဩဂုတ် ၁၆

       ယမန်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ပလမြို့၊ အမှတ်(၃)ရပ်ကွက်၊ အောင်ရတနာလမ်းနေ ဦးမျိုးမင်းဦး၏ နေအိမ်သို့ အကြမ်းဖက်လူသတ် PDF ၁၆ ဦးခန့်သည် ဆိုင်ကယ် ၈ စီးဖြင့် ဇရပ်ဆိပ်ကျေးရွာဘက်မှ ရောက်ရှိလာပြီး နေအိမ်ကို မီးရှို့ခဲ့ရာ အရှ့ဘက်ရှိ ဆိုင်ကယ်ပြင်ဆိုင်နှင့် ဆိုင်ကယ်အနည်းငယ်သာ မီးလောင်ပျက်စီးသွားခဲ့ကြောင်း၊ အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့သဖြင့် နေအိမ်ကိုမူ မီးမလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

      အလားတူ အမှတ်(၃)ရပ်ကွက်၊ အောင်ရတနာလမ်းရှိ ဦးကျော်သူရ၊ ပြည်သူ့စစ်အဖွဲ့ဝင်၏ အဖေ ဦးတင်ညွန့်၏နေအိမ်ကိုလည်း မီးရှို့ခဲ့ရာ တစ်အိမ်လုံးမီးလောင်ပြာကျသွားခဲ့သည်။ အဆိုပါ အကြမ်းဖက် PDF များကို နယ်မြေခံ လုံခြုံရေးအဖွဲ့က လိုက်လံရှင်းလင်းရာ အကြမ်း ဖက် PDF များ ဆိုင်ကယ်များဖြင့် ဇရပ်ဆိပ်ကျေးရွာဘက်သို့ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင်ပြန်လည်ဆုတ်ခွာသွားကြောင်း သိရှိရပါသည်။

      အကြမ်းဖက် PDF များသည် ပလဘိုင်းပြင်ကျေးရွာ၊ မင်းပြင်ကျေးရွာ၊ ဇရပ်ဆိပ်ကျေးရွာ၊ တပိုကျေးရွာ၊ စက်တော်ရာကျေးရွာများတွင်အင်အားစုဖွဲ့လျှက်ရှိကြောင်းနှင့် ယမန်နေ့ နံနက် ၆ နာရီမှ ၉ နာရီအချိန်ခန့်ထိ ဂိတ်ဖွင့်၍ ခရီးသည်တင်ယာဉ်များတွင် ငွေကောက်ခံခဲ့ကြောင်းသတင်းရရှိပါသည်။

#PAN