ကော့ကရိတ် – မြဝတီ သွားအာရှလမ်း တောနော်ရေတံခွန်အနီး ကတ္တရာခင်းမြေပြိုကျသည့်နေရာတွင် ပြုပြင်ခြင်းလုပ်ငန်းများကို အင်တိုက်အား တိုက် ဆောင်ရွက်နေစဥ် အကြမ်းဖက်သောင်း ကျန်းသူ KTLA နှင့် PDF များက နှောက်ယှက်ပစ်ခတ်မှုများပြုလုပ်

ဩဂုတ် ၁၅

        ကရင်ပြည်နယ်တွင် မိုးအဆက်မပြတ် ရွာ သွန်းမှုကြောင့် ကော့ကရိတ် – မြဝတီ သွားအာရှလမ်း တောနော်ရေတံခွန်အနီး မိုင်တိုင်အမှတ် (၁၄၉)နှင့် (၁၅၀) အကြားနေရာတွင် ဩဂုတ်လ ၇ ရက်နေ့က ကားလမ်းအောက်ခံမြေသားအကျယ် ၃၃ ပေရှိ ကတ္တရာခင်း ကားလမ်းအရှည် ၁၅၀ ပေခန့် ပဲ့ကျပျက်စီးခဲ့ကြောင်း၊ အဆိုပါ အာရှလမ်းမကြီးမြေပြိုမှုနေရာကို မော်တော်ယာဥ်များ ယာယီသွားလာနိုင်ရန် ဘေလီတံတားထိုးခြင်းလုပ်ငန်းကို သြဂုတ်လ ၁၀ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ပြီး ဖြစ်ပါသည်။

      ယခုအခါ အဆိုပါ လမ်းနေရာတွင် ဘေလီတံတားနှင့် လမ်းပြုပြင်ခြင်းလုပ်ငန်းကို စက်ယာဉ်ယန္တရားများ ထပ်မံဖြည့်စွက်ပြီး အင်တိုက်အား တိုက် ဆောင်ရွက်နေကြကြောင်း၊လမ်းပြတ်ကျသည့်နေရာတွင် ဘေလီတံတားတည်ဆောက်ဆဲကာလအတွင်း တောင်ကမ်းပါးယံဘက်သို့ ရှောင်ကွင်းလမ်းဖောက်လုပ်ပြီး မော်တော်ယာဉ်များအား ဖြတ်သန်းသွားလာခွင့် ပြုမည်ဖြစ်ရာ ခန့်မှန်း (၂/၃) ရက်အတွင်း ယာဉ်ငယ်များ ဖြတ်သန်းသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

      ၎င်း ဘေလီတံတားထိုးခြင်းလုပ်ငန်းကို ပြည် နယ်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျှက်ရှိရာ ၎င်း လုပ်ငန်းစတင်သည့်နေ့ ကရင် ပြည်နယ်လုံခြုံ ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင် ဦးဆောင်ပြီး လမ်းဦးစီးဌာန၊ညွှန် ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးစဥ် အကြမ်းဖက်သောင်းကျန်းသူ KTLA နှင့် PDF များက အဝေးမှ လက်နက်ငယ်ဖြင့် အချက် ၄၀ ခန့် နှောက်ယှက်ပစ်ခတ်ခဲ့သည်။

      ၎င်းအပြင် သြဂုတ်လ ၁၁ ရက်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်ကလည်း ကော့ကရိတ် – မြဝတီ အာရှလမ်း မြေပြိုသည့်နေရာတွင် ဘေလီတံတား ထိုးရန် သွားရောက်ပြုပြင်သော ဆောက်လုပ်ရေး အဖွဲ့များကို အဆိုပါ အကြမ်းဖက်သောင်းကျန်း သူ KTLA နှင့် PDF က RPG အပါအဝင် လက် နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြကြောင်း သိရပါသည်။

      အလားတူ ယမန်နေ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်ခန့် အာရှလမ်းမကြီး ကော့ကရိတ် – မြ၀တီ လမ်းပိုင်း ဘေလီတံတားနှင့် လမ်းပြုပြင်ခြင်းလုပ်ငန်း ခွင်နေရာတွင် အလုပ်လုပ်နေကြသည့် အလုပ်သမားများကို အဆိုပါ အကြမ်းဖက်သောင်း ကျန်းသူများက စနိုက်ဘာနဲ့လှမ်းပစ်ခဲ့ရာ လုံခြုံရေးအဖွဲ့မှ ပြန်လှန်ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 #PAN