“အင်ဒိုနီးရှား သမ္မတ Joko Widodo ၏ ၎င်းတို့နိုင်ငံအတွက် အထင်ကရ ပရောဂျက် တစ်ခုလည်းဖြစ်ပြီး တရုတ်နိုင်ငံ၏ Belt and Road Initiative မဟာဗျူဟာမြောက် အစီအစဥ် တစ်စိတ်တစ်ပိုင်း ဖြစ်သော မြန်နှုန်း မြင့် ကျည်ဆန် ရထားလမ်းသစ်ကြီးကို မကြာမှီ ဖွင့်လှစ် သွား ဖွယ်ရှိနေ”

သြဂုတ် ၁၅

အင်ဒိုနီးရှားနိုင်ငံသည် တရုတ်နိုင်ငံ မှ ရန်ပုံငွေ ကန်ဒေါ်လာ ၇.၃ ဘီလီယံ ထောက်ပံ့သည့် မြန်နှုန်းမြင့် ရထားလမ်းကို စီးပွားဖြစ် ပြေးဆွဲနိုင်ရန် စီစဉ်ထားကြပြီး မတိုင်မီ လုံခြုံရေးဆိုင်ရာများ ကို ဦးစားပေး လုပ်ဆောင်နေကြောင်း အင်ဒိုနီးရှားနိုင်ငံ ၏ သယ်ယူပို့ဆောင်ရေး ဝန်ကြီးက ပြီးခဲ့သည့် သြဂုတ်လ ၁၁ရက် သောကြာနေ့တွင် ပြောကြား ခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံအစိုးရ မှ အင်ဒိုနီးရှား နိုင်ငံအား ထောက်ပံ့ထားသော ကျည်ဆန်ရထားများ၏ လုံခြုံရေးကို ဦးစားပေး လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံ အစိုးရ က ပြောကြားခဲ့တာဖြစ်ပြီး အင်ဒို သမ္မတ Joko Widodo ၏ အထင်ကရ ပရောဂျက်တစ်ခု အပါအဝင် တရုတ်နိုင်ငံ၏ Belt and Road Initiative နိုင်ငံရေး မဟာဗျူဟာမြောက် အစီအစဥ် တစ်စိတ်တစ်ပိုင်းဖြစ်သော ဂျကာတာ(အင်ဒိုနီးရှား) မှ အင်ဒိုနီးရှား နိုင်ငံ ဘန်ဒေါင်းမြို့သို့ ဆက်သွယ်သည့် ၁၄၂ ကီလိုမီတာ (၈၈ မိုင်) အရှည်ရှိ မီးရထား လမ်းသစ်ကြီး သည် မူလက ၂၀၁၉ ခုနှစ်တွင် အပြီးသတ်နိုင်ရန် အင်ဒို – တရုတ် နှစ်နိုင်ငံ စီစဉ်ထားခဲ့ကြတာလည်းဖြစ်ပါတယ်။

အဆိုပါ ရထားလမ်းကို တည်ဆောက်နေသည့် အင်ဒိုနီးရှား နှင့် တရုတ် နှစ်နိုင်ငံ အစိုးရပိုင်ကုမ္ပဏီများ ပူးပေါင်းစုဖြစ်သည့် PT KCIC သည် ယခုသီတင်းပတ်အစောပိုင်းတွင် မီးရထား ခရီးစဥ်များ ဘေးကင်း လုံခြုံမှုရှိ စေရန်အတွက် အခမဲ့ စမ်းသပ်ပြေးဆွဲမည့် အစီအစဉ်ကို လာမည့် စက်တင်ဘာလ ၁ ရက်နေ့သို့ နှစ်ပတ်ခန့်အချိန် ရွှေ့ဆိုင်းခဲ့ကြ တာလည်း ဖြစ်ပါတယ်။