မြင်းခြံမြို့နယ်၊ သင်ပြွန်းကျေး ရွာအနီး၊ မြင်းခြံ-နွားထိုးကြီးသွားကားလမ်းဘေး၊သင်ပြွန်းကျေးရွာသွားလမ်းပေါ်တွင် သာမန်ပြည်သူတစ်ဦးကို လူသတ်အကြမ်းဖက် PDF များက အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

ဩဂုတ် ၁၅

       ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ သင်ပြွန်းကျေး ရွာအနီး၊ မြင်းခြံ-နွားထိုးကြီးသွားကားလမ်းဘေး၊သင်ပြွန်းကျေးရွာသွားလမ်းပေါ်တွင်  ဦးဆန်ပေါ၊၅၃နှစ်၊(ဘ)ဦးသန်း၊ဆိုင်ကယ် ကယ်ရီမောင်း၊သင်ပြွန်းကျေးရွာ၊မြင်းခြံမြို့နယ်နေသူကို လူသတ်အကြမ်းဖက် PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

       ထိုကဲ့သို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးဆန်ပေါ တွင် နောက်ကျောကျည်ဖောက်ဝင်ပြီး ရင်ဘတ်ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ လည်ဂုတ် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း၊အခင်း ဖြစ်နေရာအနီးမှ ၅.၅၆ ကျည်ခွံ ၂ခု တွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

        ဖြစ်စဥ်နှင့်ပတ်သက်၍စုံစမ်းရာ သေဆုံးသူ ဦးဆန်ပေါ သည် ယမန်နေ့ ည ၉ နာရီအချိန်ခန့်က နေအိမ်မှကျေးရွာ၏တောင်ဘက် ၄ ဖာလုံခန့်အကွာသို့ ခြေလျင်ထွက်သွားခဲ့ရာ ခဏအကြာတွင် ပြန်ရောက်မလာသဖြင့် ဇနီးဖြစ်သူ ဒေါ်လှဌေး၊၄၇နှစ်၊(ဘ)ဦးနှံမှ လိုက်သွားခဲ့ရာ အခင်းဖြစ်နေရာတွင် ဦးဆန်ပေါနှင့်တွေ့ခိုက် အမည်မသိ လူ ၅ဦး၊ဆိုင်ကယ် ၃စီးဖြင့် ရောက်လာကာ ဦးဆန်ပေါကို သေနတ်ဖြင့်ပစ်ခတ်ပြီး ညောင်ပင်ကျေး ရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း ဒေါ်လှဌေး၏ပြောပြလာပါသည်။

        သေဆုံးသူ ဦးဆန်ပေါသည် သာမန်ပြည်သူတစ်ဦးသာ ဖြစ်ပြီး မည်သည့် နိုင်ငံရေးအဖွဲ့အစည်းနှင့်မျှ ပတ်သက်မှုမရှိကြောင်း၊ ၎င်းကို မည်သည့် အကြမ်းဖက်အဖွဲ့က မည်သည့်အကြောင်းကြောင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ကို မသိရှိရသေးကြောင်း သိရပါသည်။

#PAN