ဆော်ဒီကလပ် AL Hilal အသင်းသို့ ပြောင်းရွှေ့သွားတဲ့ နေမာ

ဩဂုတ် ၁၅

    အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘရာဇီးတိုက်စစ်မှူး နေမာ ဟာ ဆော်ဒီကလပ် Al Hilal ကို ပြောင်းရွေ့သွားပြီဖြစ်ပါတယ်။

    ဆော်ဒီကလပ် AL Hilal အသင်းက (၂)နှစ်စာချုပ်နဲ့ ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်အထိ ပြောင်းရွှေ့မှာဖြစ်ပြီး  တစ်လလုပ်ခလစာ ယူရို သန်း(၉၀)နဲ့ (၂)နှစ်စာအတွက် ယူရို သန်း(၁၈၀)အထိပေးချေသွားဖို့ ကမ်းလှမ်းခဲ့ရာ နေမာကလည်း လက်ခံထားခဲ့ပါတယ်။ မြန်မာငွေနဲ့ဆို တစ်နေ့ကို သိန်း ၉၀၀၀ နီးပါးရရှိမှာဖြစ်ပါတယ်။

    နေမာရဲ့ အပြောင်းအရွေ့ကြောင့် PSG အသင်းဟာလည်း ယူရို သန်း ၁၀၀ နီးပါး ရရှိခဲ့တယ်လို့ သိရပါတယ်။ နေမာဟာ Al Hilal အသင်းမှာ ကျောနံပါတ် ၁၀ ကို ၀တ်ဆင်ကစားမှာဖြစ်ပြီး မကြာမှီအချိန်အတွင်း ဆေးစစ်မှုများ ပြုလုပ်ပြီးနောက် အသင်းနဲ့ မိတ်ဆက်ပွဲကို ပြုလုပ်မှာဖြစ်ပါတယ်။