ကော့သောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်များအတွင်း ရေဝင်ရောက်

သြဂုတ် ၁၅

      ယမန်နေ့ ည ၁၂ နာရီအချိန်ခန့်မှစပြီး ကော့ သောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့်
သီရိမြိုင်ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းရှိလူနေအိမ်များအတွင်း ရေဝင်ရောက်ခဲ့ကြောင်း
ယနေ့ နံနက် ၈ နာရီအချိန်တွင် ပိတ်နေသောရေ မြောင်းများကို Good Water ရေပေးဝေရေး လုပ်ငန်းမှ စက်ယန္တရားများဖြင့်ပိတ်နေသောမြေစာများအားဖယ်ရှားလျက်ရှိရာ နံနက် ၁၁ နာရီ ၁၁ မိနစ်တွင် ရေလမ်းကြောင်းပွင့်သွားခဲ့ကြောင်း
သိရပါသည်။

       ရပ်ကွက်အတွင် သက်ကြီးရွယ်အိုနှင့်ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များကို ၃ မိုင်ဘုန်းတော်ကြီးကျောင်းသို့ ခေတ္တနေရာချထားပေးထားကြောင်း၊ လူထိခိုက်မှုနှင့် ပျက်စီးဆုံးရှုံးမှူမရှိကြောင်း၊ ကျန်ရှိသောလုပ်ငန်းများဆောင်ရွက်ရန်ခရိုင်မီးသတ်‌ဦးစီးဌာနမှ ဆက်လက်ရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN