ရပ်စောက်မြို့နယ်၊ အင်တောမြို့တွင် ရာအိမ်မှူးနှင့် ပြည်ခိုင်ဖြိုးရပ်ကွက်ဥက္ကဋ္ဌ တစ်ဦးကို လူသတ်အကြမ်းဖက်သမား PDF နှစ်ဦးက ဧည်စာရင်း တိုင်ကြားရန်ပြောပြီး အိမ်အတွင်း ဝင်ရောက်သတ်ဖြတ်

သြဂုတ် ၁၄

      ယမန်နေ့ ည ၉ နာရီ ၄၅ မိနစ်ချိန်ခန့်က  ရှမ်း ပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ အင်တောမြို့၊ အမှတ်(၄)ရပ်ကွက်နေ ရာအိမ်မှူး ဦးဆန်းညွန့် ၊ ၅၃ နှစ်၊ ဇနီးဖြစ်သူ ဒေါ်သိင်္ဂီ နှင့် သားဖြစ်သူ မောင်ရဲထွန်းအောင်တို့ အတူရှိနေစဉ် နေအိမ်သို့ ပျောက်ကြားဝတ်စုံဝတ်ဆင်ထားသော အမည်မသိ လူသတ်အကြမ်းဖက်သမား PDF
နှစ်ဦးမှ ဆိုင်ကယ်ဖြင့်ရောက်လာပြီး ဧည့်စာရင်းတိုင်ကြားရန်ပြောသဖြင့် သားဖြစ်သူမှ ခြံဝန်းတံခါးဖွင့်ပေးစဉ် နေအိမ်ပေါ်သို့ တက်ရောက်ပြီး အသင့်ပါလာသော သေနတ်အရှည်ဖြင့် ၂ ချက်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

        ထိုသို့ အကြမ်းဖက်သမား PDF များ၏ ပစ်ခတ်မှုကြောင့် ဦးဆန်းညွန့်​၏ ယာဖက်လက်မောင်း ကျည်ဖေါက်ဝင်ဒဏ်ရာတစ်ချက်၊ ဝဲဖက်နောက်ကျော ကျည်ဖေါက်ဝင်ဒဏ်ရာတစ်ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်သိင်္ဂီမှာ ဝဲဖက်ပေါင် ကျည်ရှပ်ထိဒဏ်ရာတစ်ချက် မစိုးရိမ်ရ ဒဏ်ရာရရှိခဲကြောင်းသတင်းရရှိပါသည်။

      အဆိုပါ သေဆုံးသူ ဦးဆန်းညွန့်​ သည် ရာအိမ်မှူး တစ်ဦးဖြစ်သကဲ့သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ရပ်ကွက်ဥက္ကဋ္ဌ လည်းဖြစ် ကြောင်း သိရပါသည်။ NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် ရပ်/ ကျေး အုပ်ချုပ်ရေးမှူးများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များကို စစ်တပ်ဒေါက်တိုင်များဟု ကင်ပွန်းတပ်ပြီး နိုင်ငံတစ်ဝန်း ပစ်မှတ်ထား သတ်ဖြတ်နေကြကြောင်း သိရပါသည်။

#PAN