ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၀၅/ ၃-၄)ဖာလုံကြားတွင် ယာဉ်မတော်တဆမှုဖြစ်ပွား၊ အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိ

သြဂုတ် ၁၄

      ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၀၅/ ၃-၄)ဖာလုံကြားတွင် ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်း သတင်းအရ ၁၁၅ မိုင် ဖြူးအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက သွား ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

       ဖြစ်စဉ်မှာ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော SUZUKI ERTIGA အမျိုးစား(အဖြူရောင်)ယာဉ်သည် မိုးရွာသွန်းမှုကြောင့် လမ်းချော်၍ လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိ ထန်းပင်အားတိုက်မိကာ ရပ်တန့်သွားခဲ့သည်။

       ယာဥ်တိုက်မှုကြောင့်၊ယာဥ်ပေါ်တွင်ပါရှိသော အမျိုးသား ၁ ဦး၊အမျိုးသမီး ၂ ဦး၊စုစုပေါင်း ၃ ဦးအနက်မှ အမျိုးသမီး ၂ ဦးတို့မှာ ထိခိုက်ဒဏ်ရာများ အသီးသီးရာရရှိခဲ့သဖြင့် ဖြူးမြို့မအသင်းလူနာတင်ယာဥ်ဖြင့် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်း သတင်းရရှိပါသည်။

photo-အမြန်လမ်းမီးသတ်တပ်ဖွဲ့

#PAN