“မြောက်အာဖရိက တိုက်ရှိ မော်ရိုကို နိုင်ငံအတွင်း သဲမုန်တိုင်း တိုက်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ကောင်းကင် တစ်ခုလုံး နီရဲသွားစေခဲ့”

သြဂုတ် ၁၄

မြောက် အာဖရိကတိုက်အတွင်းရှိ မော်ရိုကိုနိုင်ငံတွင် ပြီးခဲ့သည့် သြဂုတ်လ ၁၂ရက်နေ့က အလွန် ပြင်းထန် သောသဲမုန်တိုင်း တိုက်ခတ်မှုများ ကြုံတွေ့ခဲ့ရပြီး ကောင်းကင် တစ်ခုလုံး ကိုနီရဲစေခဲ့ပါတယ်။

သဲမုန်တိုင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် မော်ရိုကိုနိုင်ငံ တစ်ဝှမ်းတွင် စီးပွားရေး လုပ်ငန်းများ ရပ်တန့်သွားကာ ဒေသခံ တစ်ဦးသေဆုံးခဲ့ရပြီး နိုင်ငံအတွင်း အများ အပြားဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရပါတယ်။

ပြီးခဲ့သည့် သြဂုတ်လ ကြာသပတေးနေ့က မော်ရိုကိုနိုင်ငံ၏ Marrakeshမြို့ နှင့် agadir မြို့များကို သဲမုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့ပြီး ကောင်းကင်ယံကို နီရဲစေကာ ဒေသခံများ အထိတ်တလန့်ဖြစ်စေခဲ့ရပါတယ်။

ကမ္ဘာလှည့်ခရီးသည်များ နှင့် လူဦးရေ ၁ သန်းဝန်းကျင်ရှိသော Marrakesh မြို့တွင် လက်ရှိတွင် အပူချိန် ၄၇ စင်တီဂရိတ် (၁၁၆ ဖာရင်ဟိုက်) အထိ မြင့်မားနေပြီး အန္တရာယ်ရှိသော ပူပြင်းသော အပူချိန်များကြားတွင် ရှိနေတာလည်းဖြစ်ပါတယ်။