“ပင်လယ်နက်အတွင်းရှိ ကုန်တင်သင်္ဘောတစ်စင်း ကို ရုရှားရေတပ်က သတိပေး ပစ်ခတ်မှု များပြုလုပ်ခဲ့”

သြဂုတ် ၁၄

ရုရှားရေတပ် စစ်သင်္ဘောတစ်စင်းသည် ပင်လယ်နက် ပင်လယ်ပြင်၏ အနောက်တောင်ဘက်မှ ကုန်တင်သင်္ဘောကို မြောက်ဘက်သို့ ရွေ့လျားလာ မောင်းနှင်းလာသော ကုန်တင်သင်္ဘော တစ်စင်းကို သတိပေးပစ်ခတ်မှုများပြုလုပ် ခဲ့ကြောင်း သိရတယ်။

အဆိုပါ ပစ်ခတ်မှုများကို ပြီးခဲ့သည့် သြဂုတ်လ ၁၃ရက် တနင်္ဂနွေနေ့က သတိပေးပစ် ခတ်မှုများပြုလုပ်ခဲ့တာဖြစ်ပြီးရုရှားနိုင်ငံ မကြားသေးမှီအချိန်က ကုလ အကျိုးဆောင် ပေးသည့် စပါး(ဂျုံ) သဘောတူညီချက်များမှ နုတ်ထွက်မှုများပြုလုပ်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းနိုင်ငံ ဘက်သို့သွားရောက်နေသည့် ကုန်သင်္ဘောကို ပထမဆုံးအကြိမ် ပစ်ခတ်သတိပေးမှုများပြုလုပ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ပြီးခဲ့သည့် ဇူလိုင်လတွင်၊ ရုရှာနိုင်ငံက ပင်လယ်နက် မှတစ်ဆင့် ယူကရိန်း နိုင်ငံ လယ်ယာထွက်ကုန်များကို တင်ပို့ခွင့်ပြုသည့် စပါး(ဂျုံ) သဘောတူညီချက်တွင် ပါဝင်ခြင်းကို ရပ်ဆိုင်းခဲ့ပြီး ယူကရိန်းနိုင်ငံပိုင် ရေပိုင်နက်ကို ဦးတည်သွားနေတဲ့ သင်္ဘောအားလုံးသည် ယူကရိန်း နိုင်ငံအတွက် လက်နက်တွေ သယ်ဆောင်လာနိုင်တယ်လို့လည်း မော်စကို(ရုရှား) က ထုတ်ပြန်ကြေညာ​ထားပါတယ်။

ရုရှားနိုင်ငံ၏ Vasily Bykov အမည်ရှိ ကင်းလှည့်သင်္ဘောအမျိုးအစား သည် Palau အလံတပ်ထားသော Sukru Okan ကုန်င်သင်္ဘောကို စစ်ဆေးမှုများပြုလုပ်နိုင်ရန် အတွက် ရပ်တန့်ရန် တောင်းဆိုချက်ကို တုံ့ပြန်ရန် ပျက်ကွက်ပြီးနောက် အလို အလျောက် လက်နက်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။