ထိုင်းနိုင်ငံ၊မဲ့လမတ်မြို့နယ်တွင် သောင်းရင်းမြစ်ကိုဖြတ်ပြီး မြန်မာနိုင်ငံသို့ ပို့ဆောင်ရန် မာစီဒီးထိုင်းကားတစ်စီးကို စက်လှေပေါ်တင်ရန်ကြိုးစားစဥ် နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်မီဖမ်းဆီး

သြဂုတ် ၁၃

        သောင်းရင်းမြစ်ကိုဖြတ်ပြီး မာစီဒီးထိုင်းကားတစ်စီးကို မြန်မာနိုင်ငံဖက်သို့ ခိုးကူးရန် ကြိုးစားစဉ် မအောင်မြင်ဘဲ တာဝန်ရှိသူများက အချိန်မီဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

        ထိုင်းနိုင်ငံ၊ တခ်ခရိုင်၊ မဲ့လမတ်မြို့နယ်၊ မဲ့လမတ်ကျေးရွာအုပ်စု၊ ရပ်ကွက်(၂)အနီး သောင်းရင်းမြစ်ဆိပ်( မဲ့နမ့်မွေ )ကမ်းတွင် စက်လှေအရှည်နှစ်စီးကို ယှဉ်ရပ်ပြီး မာစီးဒီး Benz S580e အမျိုးအစား ယာဉ်အမှတ်  8 กญ . 1009 BKK အနက်ရောင်ကို အိမ်နီးချင်း မြန်မာနိုင်ငံဘက်ကို တရားမဝင်ခိုးသယ်ရန် ကြိုးစားအားထုတ်နေချိန်တွင် မြို့တော်ဝန်နှင့် အုပ်ချုပ်ရေးအဖွဲ့များ၊ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များက ဩဂုတ်လ ၉ ရက်နေ့က သတင်းအရဖမ်းဆီးရမိခဲ့ကြပါသည်။

       ယခုအခါတွင်သောင်းရင်းမြစ်ရေသည် သာမာန်ချိန်ထက် မြစ်ရေလျှံတက်နေသဖြင့် စက်လှေပေါ်သို့ ကားတင်မရနိုင်ဘဲ ရှိနေချိန်တွင် အချိန်မီဖမ်းဆီးနိုင်ခဲ့ပြီး ကားသူခိုးဂိုဏ်များကို ကွင်းဆက်ဖော်ထုတ်နိုင်ရေးအတွက် ဥပဒေနှင့်အညီ စုံးစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN