ပျော်ဘွယ်မြို့နယ်၊ပျော်ဘွယ် – ဘုရားငါးဆူ ကားလမ်းဘေးရှိ အောင်သပြေစက်သုံးဆီ အရောင်းဆိုင်ကို လူသတ်အကြမ်းဖက်သမား PDF များက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၊ ဓားပြတိုက်သွားခဲ့

သြဂုတ် ၁၃

      ယမန်နေ့ ည သန်းခေါင်ကျော် ၀၀:၃၀ အချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့ နယ်၊ကျူတောဝကျေးရွာအုပ်စု၊ကျူတောဝကျေးရွာအနီး ပျော်ဘွယ် – ဘုရားငါးဆူ ကားလမ်းဘေးရှိ အောင်သပြေစက်သုံးဆီ အရောင်းဆိုင်တွင် ဆိုင်ပိုင်ရှင် ဦးမျိုးအောင်(NLD ပါတီထောက်ခံသူ)၊၄၆နှစ်၊(ဘ)ဦးကြည်အောင်၊၎င်း ၏ဇနီး ဒေါ်ချိုသဲ၊၄၃နှစ်၊(ဘ)ဦးညွန့်ရွှေနှင့် သမီး အေးမြအောင်၊၁၅နှစ်၊ ဖြိုးသီရိကျော်၊၁၂နှစ်၊ မချမ်းမြေ့သီရိခိုင်၊၇နှစ်တို့ ဆီဆိုင်ရှိ အိပ်ခန်း၌အိပ်နေစဥ် အမည်မသိ အကြမ်းဖက်သမား PDF ၂ ဦး၊ဘုရားငါးဆူဘက်မှ ခြေလျင်လျှောက်လာကာ အိပ်ခန်းတံခါးအားဖွင့်ခိုင်းခဲ့ရာ ဦးမျိုးအောင်တို့မိသားစုမှ ဖွင့်မပေးဘဲ ဆိုင်၏အနောက်တံခါးမှထွက်ပြေးခဲ့သည်။

         ထိုသို့ထွက်ပြေးစဥ် အကြမ်းဖက်သမားတစ်ဦးက သေနတ်ဖြင့် ၁ ချက်ပစ်ခတ်ခဲ့ရာ ဦးမျိုးအောင်၏ဝမ်းဗိုက်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်(စိုးရိမ်ရ)ရရှိခဲ့ကြောင်း၊ ၎င်းနောက် အကြမ်းဖက်သမားများသည် အိပ်ခန်းတံခါးအားရိုက်ဖျက်ကာ အိပ်ခန်းအတွင်းဝင်ရောက်ပြီး အိပ်ခန်းအတွင်းမှ ရွှေထည်နှင့်ငွေများထည့်ထားသည့် သံသေတ္တာ ၁ လုံး(တန်ဘိုးစီစစ်ဆဲ)နှင့် Honda Wave ဆိုင်ကယ် ၁ စီး(ခန့်မှန်းတန်ဘိုး ကျပ်သိန်း ၂၀ ခန့်)တို့အား ယူဆောင်မောင်းနှင် ထွက်ပြေးသွားကြောင်းနှင့် သေနတ်ထိမှန်ဒဏ်ရာရရှိသူ ဦးမျိုးအောင်အား မိတ္ထီလာပြည်သူ့ဆေးရုံသို့ တင်ပို့ကုသထားကြောင်း သတင်းရရှိပါသည်။

     ပြည်ပြေးအကြမ်းဖက်ဂိုဏ်းချုပ် NUG မှ မွေးမြူခဲ့သော လူသတ်အကြမ်းဖက် PDF များ သည် ”စစ်အာဏာရှင်တော်လှန်ရေး၊ ဒီမိုကရေးစီရရှိရေး” စသည့် ကြွေးကြော်မှုဖြင့် အရပ်သားပြည်သူများကို ခြိမ်း ခြောက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ဓားပြတိုက်လုယူခြင်း စသည့် အကြမ်းဖပ်လုပ်ရပ်များကိုသာ တစိုက်မတ်မတ်လုပ်ဆောင်နေကြကြောင်း ကြားသိနေရပါသည်။

#PAN